အခင်းဖြစ်ပွားရာနေရာ။ ဓါတ်ပုံ - Tone Tone

အခင်းဖြစ်ပွားရာနေရာ။ ဓါတ်ပုံ - Tone Tone 

အမ်းမြို့နယ် အမ်း-မအီ အဝေးပြေးလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၅ မိုင်အနီးတွင် ယနေ့ မေလ ၁၂ ရက်​​နေ့ မနက် ၈နာရီခန့်က ရမ်းဗြဲမြို့မှထွက်လာသည့် လင်ခရူဆာယာဉ်မှာ ဘရိတ်​​ပေါက်ကာ တိမ်မှောက်မှုဖစ်ပွားခဲ့ပြီး ယာဉ်​​မောင်းဖြစ်သူ သေဆုံးသွားကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ အတည်ပြုပြောကြားသည်။ 

တိမ်မှောက်ခဲ့သည် ယာဉ်အမှတ် MDY 2D/8292 လင်ခရူဆာ မော်​​တော်ယာဉ်​​ပေါ်တွင် လူလေးဦး လိုက်ပါခဲ့ပြီး ရမ်းဗြဲမြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာစဉ် ယခုကဲ့သို့ တိမ်မှောက်ခဲ့ခြင်းဖြစ်ကာ ယာဉ်​​မောင်းဖြစ်သူ အဘိုးပြင်ရွာမှ ဦးမိုးကျော်သိန်းမှာ အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့ပြီး ကျန် ၃ ဦးမှာလည်း ဒဏ်ရာရရှိခဲ့ကြပြီး အမ်ဆေးရုံတွင် ကုသလျက်ရှိကြောင်း ယင်နေရာသို့ ကူညီကယ်ဆယ်​​ရေး ဆောင်ရွက်ခဲ့သည့် ကိုအောင်​​အောင်ထွန်းမှ ပြောသည်

မေလ ၁၁ ရက်​​နေ့ကလည်ကျောက်ဖြူမြို့နယ် ကျောက်ကလေ ကျေးရွာအနီးတွင် ကျောက်ဖြူ-ရန်ကုန်ဝေးပြေးယာဉ်လိုင်ပေါ်မှ ပြုတ်ကျသဖြင့် ယာဉ်​​နောက်လိုက်ဖြစ်သူမှာ သေဆုံးခဲ့ရကြောင်း ဇင်​​ချောင်းရဲစခန်းမှ သိရသည်။ 

Author: မြင့်မြတ်ဖြူ