(ဦးရာဇ်မင်္ဂလာကြိုးတံတားဖျက်စီးခံစဉ်။ ဓါတ်ပုံ - ဇောင်း (ပုဏ္ဏားကျွန်း)/DMG)

မေလ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်၊ ပုဏ္ဏားကျွန်း (DMG) ။    ။   ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တောင် စေတီတော်မြတ်ကြီးသို့ ဘုရားဖူးသူများ သွားလာနေသော ဦးရာဇ်မင်္ဂလာ ကြိုးတံတားအား ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ ည ၁၁ နာရီအချိန်တွင် မျက်နှာဖုံးစွပ်ထားသူ နှစ်ဦးသည် ကြိုးတံတား အရှေ့ဘက်တိုင်အားဖျက်စီးပြီး ဆိုင်ကယ်ဖြင့် စေတီရင်းရွာဖက်သို့ ထွက်သွားကြောင်း တံတားအနီး ဈေးဆိုင်ရောင်းသူ ကိုအောင်ကျော်မြက ပြောသည်။

ဦးရာဇ်မင်္ဂလာတံတားကို ဂေါပကအဖွဲ့နှင့် မြို့နယ်အာဏာပိုင်တို့ ကြိုးပန်းဆောင်ရွက်မှုဖြင့် ၁၉၉၆ ခုနှစ်မှစ၍ ဖွင်လှစ်အသုံးပြုခဲ့ပြီး တံတားပေါ်တွင် ဆိုင်ကယ်များ အရှိန်ပြင်းစွာ မမောင်းနိုင်အောင် အဝင်ဝတွင် သစ်လုံးငယ်များ တားထားကြောင်း၊ ၎င်းသစ်လုံးငယ်များအား (၁၀/ ၅ /၂၀၁၇) နေလည့် ၂ နာရီ ခန့်အချိန်တွင် ဦးအောင်သန်းမြ အစောင့်မရှိစဉ် လာရောက်ဖျက်စီးခဲ့ပြီး ချောင်းထဲသို့ လွင်ပစ်ခဲ့ကြောင်း၊ ၁၅/၅/၂၀၁၇ နေ့လည့် ၃ နာရီ အချိန်တွင်လည်း တံတားအလယ် ဝဲဖက်၌ မီးလောင်ကျွမ်းသောကြောင့် အနီးနားမှနေသူများ မီးသတ်ခဲ့ရကြောင်း ဦးရာဇ်တောင် ဂေါပကဥက္ကဌ ဦးအောင်ကျော်ဦးက ပြောသည်။

ဦးရာဇ်မင်္ဂလာ ကြိုးတံတားဖျက်စီးခြင်းနှင့် မီးရှို့ဖျက်စီးသူများအား စုံစမ်းဖော်ထုတ် အရေးယူပေးရန် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပုဏ္ဏားကျွန်းမြို့နှင့် မြို့နယ်အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာနများကိုလည်း တိုင်ကြားထားကြောင်းသိရသည်။

Author: ဇောင်း(ပုဏ္ဏားကျွန်း)