- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အသက် ၆၅ နှစ်အရွယ် မွတ်ဆလင်အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ပြီးသေဆုံး
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်ကျေးရွာမှ အသက် ၆၅ နှစ်အရွယ် မွတ်ဆလင်အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးသွားသည်ဟု သားဖြစ်သူ မာမတ်ဇာဘော်ကပြောသည်။
31 Jul 2019
ချလူးအောင် | DMG
ဇူလိုင် ၃၁၊ ဘူးသီးတောင်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်ကျေးရွာမှ အသက် ၆၅ နှစ်အရွယ် မွတ်ဆလင်အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးသွားသည်ဟု သားဖြစ်သူ မာမတ်ဇာဘော်ကပြောသည်။
ဇူလိုင်လ ၂၈ ရက်နေ့က လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်သဖြင့် ဆင်သေပြင်ကျေးရွာမှ လူငယ်တစ်ဦး ဒဏ်ရာရရှိသွားရာ ကျေးရွာသားများမှာ ကြောက်လန့်ပြီး ဖုံညိုလိပ်ကျေးရွာသို့ ထွက်ပြေးကြစဉ် အဆိုပါအမျိုးသမီးမှာ အသက်ကြီး၍ မသွားနိုင်သဖြင့် ကျေးရွာ၌ထားခဲ့စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သားဖြစ်သူက ပြောသည်။
“ကျွန်တော့် အမေက အသက်ကြီးလို့ မသွားနိုင်တဲ့အတွက် ထားခဲ့ရတာပါ။ မနေ့က ဖုံညိုလိပ်မှာ ရိက္ခာနည်းနည်းရတဲ့သူတွေ ကျေးရွာကိုရောက်လာကြတဲ့ အချိန်မှာ ဖြစ်ပွားခဲ့တာပါ။ အလောင်းကိုတော့ မနေ့က ညမိုးချုပ်သွားလို့ ဘူးသီးတောင်ဆေးရုံကို မယူဆောင်နိုင်ခဲ့ပါဘူး။ ဒီနေ့လည်ပိုင်းက ဆင်သေပြင်မှာပဲ မွတ်ဆလင်ဘာသာ ထုံးတမ်းစဉ်လာအရ သဂြိုၤလ်လိုက်ပါတယ်" ဟု မာမတ်ဇာဘော်က ပြောကြားသည်။
သေဆုံးမှုနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းအား ဆက်သွယ်ရာတွင် “သေဆုံးတာဟုတ်ပါတယ်။ တိုက်ပွဲဖြစ်တာလား ဘာဖြစ်တာလဲတော့ မသိသေးဘူး။ စုံစမ်းလျှက်ပါ။" ဟုဖြေကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA နှစ်ဖက်တိုက်ပွဲများအတွင်း အရပ်သားများ မကြာခဏဆိုသလို သေဆုံးဒဏ်ရာရရှိမှုများ ရှိနေသည်။