ချလူးအောင်၊ DMG

အောက်တိုဘာလ၂၆၊ မောင်တော

အောက်တိုဘာလ(၂၆)ရက်နေ့ မနက်(၈)နာရီ ခွဲမှ စတင်ပြီး မောင်တောမြို့ပညာရေးမှူရုံးခန်းအတွင်း၌ ​အဝေးသင်တက္ကသိုလ်(မောင်တောဌာနခွဲ)တစ်ခုဖွင့်လှစ်ပြီး စာမေးပွဲးစတင်စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

၂၀၁၈အဝေးသင်တက္ကသိုလ်(စစ်တွေဌာနခွဲ) ဘူသီးတောင်နှင့် မောင်တောရှိ ဒုတိယအသုတ် အဝေးသင် ကျောင်းသား/သူများအား အောက်တိုဘာလ(၁၂)ရက်နေ့မှ အောက်တိုဘာလ(၂၁)ရက်နေ့အထိ အနီးကပ် သင်ကြားပေးခဲ့ပြီး စာမေးပွဲးအား ဘူသီးတောင်မြို့တွင် အောက်တိုဘာလ(၁၂)ရက်နေ့မှ အောက်တိုဘာ(၂၁)ရက်နေ့အထိ စစ်ဆေးခဲ့ပြီး မောင်တောမြို့တွင် အောက်တိုဘာ(၂၆)ရက်နေ့မှ နိုဝင်ဘာ(၂)ရက်နေ့အထိ စစ်ဆေးသွားမှာဖြစ်တယ်လို့ တွဲဖက်ပါမောက္ခနော်ဘလူဆဲ ကပြောသည်။

ဒုတိယအသုတ်အဝေးသင်စာမေးပွဲးတွင်ဘူးသီးတောင်မြို့၌ ဖြေဆိုသူ(၂)ဦးရှိပြီး မောင်တောမြို့တွင် ဖြေဆိုသူ(၁)ဦး ရှိကြောင်းသိရသည်။

တတိယအသုတ် အဝေးသင်စားမေးပွဲ အနီးကပ်သင်ကြားခြင်းအား ဘူးသီးတောင်​မြို့တွင်​ သက်​ဆိုင်​ရာ ဘာသာရပ်​များ၏ ပါ​မောက္ခဆရာ/ဆရာမ(၁၃)ဦး နှင့် မောင်တောမြို့များတွင် (၈)ဦး တို့သည်​ နိုဝင်ဘာ (၅)ရက်နေ့ မှ နိုဝင်ဘာ(၁၄)ရက်နေ့အထိ အနီးကပ်​သင်​တန်းများသင်ကြားပေးမှာဖြစ်ပြီး စာမေးပွဲးအား နိုဝင်ဘာ(၁၉)မှ နိုဝင်ဘာ(၂၉)အထိ စစ်ဆေးမှာဖြစ်သည်ဟုသိရသည်။

တတိယအသုတ် အဝေးသင်စားမေးပွဲး တွင်ဖြေဆိုမည့် ကျောင်းသား/သူ ဦးရေ ဘူးသီးတောင်မြို့တွင် (၂၃၆)ဦး နှင့် မောင်တောမြို့တွင်(၇၂)ဦးရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သည့် ပဋိပက္ခများကြောင့် အစ္စလမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ပညာဆက်လက်သင်ကြားခွင့် ဆုံးရှုံးနေခဲ့ရပြီး (၅) နှစ်အကြာတွင် ယခုလို အဝေးသင်တက္ကသိုလ် ဌာနခွဲများကို ဖွင့်လှစ်ပြီး ပညာသင်ကြားခွင့် ရရှိရေးအတွက် စီစဉ်ဆောင်ရွက် ပေးလာခြင်းလည်း ဖြစ်သည်။

 

Author: ချလူးအောင်