
ချလူးအောင်၊ DMG
အောက်တိုဘာ ၂၉၊ မောင်တော
အောက်တိုဘာလ(၂၆)ရက်နေ့ နေ့လည်ပိုင်းတွင် မောင်တောမြို့ရှိ ဟိန္ဒူဘာသာဝင် (၆၀)ကျော်ခန့်က မောင်တောမြို့နယ်တောင်ပိုင်းကျောက်ပန်းဒူ ကမ်းခြေ၌ စန္ဒီမယ်တော်ဘုရားပွဲ အသုံးအဆောင်များ ရေမျှောပွဲများကို ကျင်းပခဲ့ကြသည်။
စန္ဒီမယ်တော်ဘုရားပွဲအသုံးအဆောင်များ ရေမျှောပွဲပြုလုပ် ရတာကတော" ကျောက်ပန်းဒူ ကမ်းခြေမှာ ကျွန်တော်တို့ ဟိန္ဒူဘာဝင်များ၏သမိုင်းဝင် ရာမလက္ခဏတောင် ဆိုတာရှိတယ် အဲဒီ ကျောက်ပန်းဒူကမ်းခြေမှာ စန္ဒီမယ်တော်ဘုရားပွဲမှာ ပြုလုပ်ရာမှာကျန်ခဲ့တဲ့ ပန်း နှင့်အမွေးနံသာများကို "ဝါချမီး"ပူဇော်ပွဲအဖြစ်ဘာသာရေးထုံးစံအရ ပင်
လယ်မှာမျှောရတာဖြစ်ပါတယ်" လို့ ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးနီမောင်က ပြောသည်။
မောင်တောမြို့နယ်တောင်ပိုင်ရှိ ကျောက်ပန်းဒူကမ်းခြေ၌ တည်ရှိသည့် ရာမလက္ခဏ တောင်သည် ပင်လယ်ပြင်ကို ကျောက်တန်းသဖွယ် တံတားပြုလုပ်ထားတာရှိပြီး ရာမမင်းသားက မယ်သီတာကို သိရိလင်္ကာ နိုင်ငံ သိဟိုကျွန်းမှ သွားရောက်ကယ်တင်ခဲ့သည့် ဒဏ္ဍာရီ သမိုင်းအား ဟိန္ဒူဘာသာဝင်များက ယုံကြည်ပြီး ဘုရားပွဲများကို စည်းကားသိုက်မြိုက်စွာ ကျင်းပနေကြခြင်းဖြစ်သည်။




