ခိုင်မင်း(ကျောက်ဖြူ)/DMG၊ ဒီဇင်ဘာ ၆၊ ကျာက်ဖြူ
ကျောက်ဖြူမြို့နယ် ရန်ကုန်-ကျောက်ဖြူ ကားလမ်းမိုင်တိုင် (၁၁၆/၂) အနီးတွင် ဆိုင်ကယ်နှစ်စီးတိုက်မိရာမှ ခမရ(၅၄၃) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးသက်လွင်အောင်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိသောကြောင့် ကျောက်ဖြူဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် သေဆုံးသွားကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။
ဒီဇင်ဘာလ(၆)ရက်နေ့ နေ့လည် ၂နာရီအချိန်တွင် ၎င်းမောင်းနှင်လာသော HONDA CLICK အနီ/အနက် ဆိုင်ကယ်နှင့် ကျောက်ဖြူမြို့ထဲဘက်မှ ခမရ(၅၄၃) တပ်ဘက်သို့ ဂုံးချိန်ကျေးရွာမှ ကိုမောင်ချေနှင့် ကိုကျော်စိုးဦးတို့ မောင်းနှင်လာသည့် ဆိုင်ကယ်တို့ မျက်နှာချင်းတိုက်မိခဲ့ခြင်းဖြစ်သည်။
ကိုမောင်ချေနှင့် ကျော်စိုးဦးတွင်ပြင်းထန်စွာ(စိုးရိမ်ရ) ဒဏ်ရာရရှိသွားသောကြောင့် ကျောက်ဖြူ ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားထားသည်။
အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး ဆိုင်ကယ်ယာဉ်အား မဆင်မခြင်ပေါ့ဆစွာမောင်းနှင်ခဲ့ကြသူ ဗိုလ်ကြီးသက်လွင်အောင်နှင့် မောင်ချေတို့အား ယာဉ်(ပ)၁၆/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၄-က/ ၃၃၈ဖြင့် အမှုဖွင့်လှစ်ထားကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှသိရသည်။




