
သြဂုတ်လ (၂၇) ရက်၊၂၀၁၈ ခုနှစ်၊DMG/ခိုင်မင်း (ကျောက်ဖြူ)။
ကျောက်ဖြူမြို့တောင်ရင်းကျေးရွာအုပ်စု ကုလဘာတောင်ကျေးရွာ မြကန်သာစုရပ်ကွက်တွင် သြဂုတ်လ ၂၆ ရက်နေ့က ၄ တန်းကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ကျောက်ဖြူမြို့နယ်၊ ရဲစခန်းမှသိရသည်။
သေဆုံးသူမှာ မောင်ဇေယျာလင်း၊ အသက် ၁၂ နှစ်၊ (ဘ)ဦးတင်မောင်လှတင်ဖြစ်ပြီး ကုလဘာကျေးရွာ(အမက) ကျောင်းတွင် စတုတ္ထတန်းပညာကို သင်ကြားနေသည့် ကျောင်းသားတစ်ဦးဖြစ်ကြောင်း သြဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းက နေအိမ်ထုတ်တန်းပေါ်မှ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သေဆုံးမှုနှင့်ပတ်သက်ပြီး ကျောက်ဖြူပြည်သူ့ဆေးရုံးကြီးသို့ပို့ဆောင်ကာ စစ်ဆေးဆောင်ရွက်မှုများပြုလုပ်လျှက်ရှိပြီး ကျောက်ဖြူမြို့မရဲစခန်းမှ သေမှုသေခင်းဖွင့်လှစ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။




