(ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေတစ်နေရာ။ ဓါတ်ပုံ - ဟန်ထူးဇော်/DMG)

 

မေလ ၁၁ ရက်၊ ၂၀၁၇ ခုနှစ်၊ ကျောက်ဖြူ (DMG)။    ။   ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်အနီး ငလပွေချောင်းသွား နဂါးမှော်အနီးစပ်၌ အလောင်းတစ်လောင်းအား မေလ ၁၀ ရက်နေ့ ညနေ ၆ နာရီတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ကျောက်ဖြူမြို့ ရနိုင်ပိုက်ဆိပ်ရပ်ကွက် ဆားပြင်ကွင်းတွင်နေထိုင်သည့် အသက် ၄၂ နှစ်ရှိသူ ဦးဘကြည်သည် မေလ ၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ပိုက်ကွန်တစ်လက်ဖြင့် မြစ်ကမ်းနားသို့ ငါးသွားဖမ်းမည်ဟု င်း၏ ဇနီးဖြစ်သူ ဒေါ်မေင်းမေအားပြောကာ ထွက်သွားကြောင်းသိရပြီး သေဆုံးသူမှာ လေဖျန်းထားသဖြင့် ညာခြေထောက်နှင့် ညာလက်တို့ မသန်စွမ်းနေသဖြင့် မသွားရန်ပြောကြားသော်လည်း ထွက်သွားခဲ့ကြောင်း ကျောက်ဖြူ ရဲစခန်းမှသိရသည်။

ဦးဘကြည်မှာ ထွက်သွားသော အချိန်ကြာမြင့်နေသည့်အတွက် ရဲတပ်ဖွဲ့ဝင်များမှ ကမ်းနားအနှံ့ လိုက်လံရှာဖွေခဲ့ရာ မတွေ့ရှိခဲ့ဘဲ မေလ ၁၀ ရက်နေ့ ညနေမှ တွေ့ရှိခဲ့ကြောင်း၊ ယခု ကျောက်ဖြူ ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးသူမှာ ဒဏ်ရာများမတွေ့ရှိရဘဲ ဓမ္မတာအတိုင်း သေဆုံးခြင်းဖြစ်သဖြင့် မိသားစုများမှ အမှုမဖွင့်ခဲ့ကြောင်း သိရသည်။