
(ဇွန်လ ၈ ရက်နေ့က ဆရာကြီး ဦးမောင်ချမ်းသာအား ကျောင်းသားကျောင်းသူများမှ ဆုတောင်းနေစဉ်။ ဓါတ်ပုံ - ဖေ့စ်ဘုတ်)
ဇွန်လ ၉ ရက်၊ ၂၀၁၇ ခုနှစ်၊ မောင်တော (DMG) ။ ။ အကြမ်းဖက် ဘင်္ဂလီကျောင်းသားများမှ သတ်ဖြတ်လိုက်သော မောင်တောမြို့နယ်တောင်ပိုင်း သရီကုန်ဘောင်ကျေးရွာ (သရေကုန်တန်း)မှ ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာ သေဆုံးမှု (၅) နှစ်ပြည့် ၀မ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို သရီကုန်ဘောင်ကျောင်း တာဝန်ကျ ဆရာ/မများမှ ဦးဆောင်ပြီး ဇွန်လ ၈ နေ့ နေ့လည် ၂ နာရီ အချိန်တွင် ပြုလုပ်ကျင်းပခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ခိုးဝင်ဘင်္ဂလီများနှင့် ဒေသခံတိုင်းရင်းသား ရခိုင်လူမျိုးများတို့ ပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မောင်တောမြို့နယ် သရီကုန်ဘောင်ကျေးရွာမှ ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာမှာ ၄င်းကျောင်းသားတို့၏ ရက်စက်စွာသတ်ဖြတ်မှုကို ခံခဲ့ရသည်။
တာဝန်ကျဆရာတစ်ဦးက " မောင်တောမြို့ကို ဘင်္ဂလီတွေ ဂျီဟစ်လုပ် တိုက်ခိုက်ခဲ့တာ ၂၀၁၇ ဇွန်လ ၈ ရက် ဒီနေ့ဆို ၅ နှစ်ပြည့်ပါပြီ။ အဲဒီနေ့က ဘင်္ဂလီကုလား အကြမ်းဖက်သမားတွေက မြို့မဘုန်းကြီးကျောင်း၊ ရခိုင်လူနေအိမ်တွေနဲ့ ဟိန္ဒူနေအိမ်တွေပါ မီးရှိုးခဲ့ပါတယ်။ ဒေါက်တာ ခင်မောင်လတ်နှင့် ကျောင်အုပ်ဆရာကြီး မောင်ချမ်းသာ အပါအဝင် လူပေါင်း ၅၀ ကျော် အသက်ပေးဆပ်ခဲ့ရပါတယ်။ ” ဟု ပြောသည်။
ယင်းအပြင် မောင်တောတောင်ပိုင်း ကျေးရွာများဖြစ်သည့် သရီကုန်ဘောင် (သရေကုန်တန်း)၊ ဘေဓိကုန်း၊ မောရဝတီနှင့် ကိုင်းကြီး အစရှိသော ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများအား ဘင်္ဂလီများမှ မီးရှိုးခြင်း၊ ဖျက်ဖြိုခြင်းများ ပြုလုပ်ခဲ့ကြသည်။
ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာအား ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများတို့ လွမ်းသူ့ပန်းခွေချကာ ကောင်းရာသုကတိရောင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းဆိုခဲ့ကြသည်။




