စိမ်းကိုကို။ မေလ ၉ ရက်နေ့၊ ၂၀၁၈ ခုနှစ်။     ။    တောင်ကုတ်မြို့၊ ရွာသာယာကျေးရွာတွင် ယနေ့ မေလ ၉ ရက်နေ့ နံနက် ၈ နာရီကျော်အချိန်က ဓားခုတ်မှုတစ်ခုဖြစ်ပွားသဖြင့် လူနှစ်ဦးသေဆုံးခဲ့ရကြောင်း တောင်ကုတ်မြို့မရဲစခန်းက သိရသည်။

ဖြစ်စဉ်မှာ ရွာသာယာကျေးရွာမှ ဦးဇော်ထွေး၏ နေအိမ်တွင် ဇနီးဖြစ်သူ ဒေါ်အပုမေ၊ ဖခင်ဖြစ်သူ ဦးအောင်မြစံနှင့် ယောက္ခမဖြစ်သူ ဦးမောင်ဟန်စိန်တို့ အတူရှိနေစဉ် တစ်အိမ်တည်းအတူနေထိုင်သည့် ယောက်ဖဖြစ်သူ အေးလွင်(ခ)ပေါက်စမှာ လွန်ခဲ့သော နှစ်ရက်က နေအိမ်မှဆင်းသွားပြီး ယနေ့တွင်  ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ယင်းသို့ရောက်ရှိလာစဉ် ဦးဇော်ထွေးမှ အေးလွင်(ခ)ပေါက်စအား အိမ်ထဲသို့ဝင်မလာရန်ပြောကြားစဉ် အေးလွင်မှ လေးခွဖြင့်နေအိမ်ကို ပစ်သဖြင့် ဦးဇော်ထွေး၏ ယေက္ခမဖြစ်သူ ဦးမောင်ဟန်စိန်မှ အရှည် ၄ ပေခန့်ရှိသည့် ဒုတ်ဖြင့် နေအိမ်အပြင်ဖက်သို့ ထွက်ကာ အေးလွင်(ခ)ပေါက်စအား ရိုက်ရန်ရွယ်စဉ် အေးလွင်(ခ)ပေါက်စမှ အသင့်ပါလာသည့် ဓားဖြင့်ခုတ်သဖြင့် ဦးမောင်ဟန်စိန်မှာ လည်ပင်းပြတ်ချ ဒဏ်ရာတစ်ချက်၊ ဝဲဖက်ပါးပြတ်ချဒဏ်ရာတစ်ချက်၊ မေးယာဖက်ပြတ်ချ ဒဏ်ရာတစ်ချက် ရရှိစဉ်၊ ဦးမောင်ဟန်စိန်၏ သမီးဖြစ်သူ ဦးဇော်ထွေး၏ ဇန်ီးဒေါ် အပုမေက ဟန့်တားစဉ်၊ အေးလွင်(ခ)ပေါက်စမှ ထပ်မံခုတ်သဖြင့် ဒေါ်အပုမေမှာ ဒဏ်ရာ နှစ်ချက်ရရှိကာ အခင်းဖြစ်သည့်နေရာတွင် နှစ်ဦးလုံးသေဆုံးခဲ့ကြောင်း တောင်ကုတ်ရွာမရဲစခန်းမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး တောင်ကုတ်ရွာမ ရဲစခန်းမှ အေးလွင်(ခ)ပေါက်စကို  (ပ) ၁၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ရဲစခန်းအချုပ်၌ ထိမ်းသိန်းထားကြောင်း သိရသည်။