- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
တောင်ကုတ်မြို့မရဲစခန်းမှ ရဲတပ်ကြပ်မျိုးမင်းအေးရေနစ်သေဆုံးမှု မဖြစ်နိုင်ဟု မိသားစုဝင်များက ပြောဆို
"ကျွန်တော်ရင်ခွဲရုံကို လိုက်သွားပြီးကြည့်တဲ့အခါမှာ သူရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ထိခိုက်ဒဏ်ရာမတွေ့ရှိရပါဘူး။ မျက်နှာမှာ မျက်လုံးနှစ်ဖက်ဖူးရောင်နေတယ်။ ညိုမဲပြီးတော့ဖူးရောင်နေတယ်။ မျက်လုံးဟာပျက်နေတဲ့ သဘောရှိတယ်။ သွေးခြေဥပြီးတော့ မျက်လုံးကို မမြင်ရဘူးပေါ့။ အဲဒီလိုတွေ့ရတဲ့အတွက် ရေနစ်သေဆုံးသွား တယ်လို့ ပြောဆိုတဲ့အပေါ်မှာ သံသယဖြစ်မိတယ်”
01 Nov 2018
ခိုင်မင်း(ကျောက်ဖြူ)၊DMG
နိုဝင်ဘာလ ၁၊ ကျောက်ဖြူ
တောင်ကုတ်မြို့မရဲစခန်းမှ ရဲတပ်ကြပ်မျိုးမင်းအေး ရေနစ်သေဆုံးသည်ဟု ရဲတပ်ဖွဲ့ပြောဆိုသော်လည်း မျက်နှာတွင် ဒဏ်ရာများ ရှိနေသည့်အတွက် ရေနစ်သေဆုံးခြင်း မဖြစ်နိုင်ဟု မိသားစုဝင်များက ပြောဆိုကြသည်။
ရဲတပ်ကြပ်မျိုးမင်းအေးမှာ တောင်ကုတ်ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး အောက်တိုဘာလ(၂၈)ရက်နေ့က ရဲအုပ်ချစ်ထွန်းဦိးစီးသောရဲတပ်ဖွဲ့ဝင်(၈)ဦး၊ သစ်တောဌာနနှင့်အတူ တောင်ကုတ်မြို့နှင့် (၁၀)မိုင်ခန့်ဝေးသည့် ဓါးမကျကျေးရွာ၊ ဓါးမကျဆည်တွင် သစ်သွားဖမ်းရာမှ သစ်ခုတ်သူများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ ရဲတပ်ကြပ်မျိုးမင်းအေးမှာ စက်လှေပေါ်သို့တက်ရောက်စဉ် ရေထဲပြုတ်ကျပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုသည်ဟု မိသားဝင်များက ဆိုသည်။
ရဲတပ်ကြပ်မျိုးမင်းအေး မျက်နှာတွင် တွေ့ရှိနေသည်ဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် ရေနစ်သေဆုံးသည် ဟ ုပြောဆိုခြင်းမှာ သံသယဖြစ်ဖွယ် ဖြစ်နေသည်ဟု ရဲတပ်ကြပ်မျိုးမင်းအေး၏ ဖခင်ဦးလှအေးက ပြောသည်။
"ကျွန်တော်ရင်ခွဲရုံကို လိုက်သွားပြီးကြည့်တဲ့အခါမှာ သူရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ထိခိုက်ဒဏ်ရာမတွေ့ရှိရပါဘူး။ မျက်နှာမှာ မျက်လုံးနှစ်ဖက်ဖူးရောင်နေတယ်။ ညိုမဲပြီးတော့ဖူးရောင်နေတယ်။ မျက်လုံးဟာပျက်နေတဲ့ သဘောရှိတယ်။ သွေးခြေဥပြီးတော့ မျက်လုံးကို မမြင်ရဘူးပေါ့။ အဲဒီလိုတွေ့ရတဲ့အတွက် ရေနစ်သေဆုံးသွား တယ်လို့ ပြောဆိုတဲ့အပေါ်မှာ သံသယဖြစ်မိတယ်”ဟု ဦးလှအေးကပြောသည်။
အဆိုပါ ရဲတပ်ကြပ်မျိုးမင်းအေးသေဆုံးမှုနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းသို့ သွားရောက်မေးမြန်းရာ ဖြေဆိုခြင်းမရှိပါ။
ရဲတပ်ကြပ်မျိုးမင်းအေးသည် တောင်ကုတ်မြို့ ဇာတိဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၆ခုနှစ်က မောင်တောမြို့နယ် ကျီးကန်းပြင်ရဲစခန်းတွင် တာဝန်ထမ်းဆောင်စဉ် ဘင်္ဂါလီအကြမ်းဖက် (ARSA) အဖွဲ့တို့ဝင်ရောက်တိုက်ခိုက်မှုကို ရဲရဲဝံ့ဝံ့ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သောကြောင့် ရဲတပ်ကြပ်အဖြစ်သို့ ရာထူးတိုးမြှင့်ခံခဲ့ရခြင်းဖြစ်သည်။