သြဂုတ် ၂၇ ရက်၊ ခိုင်ရိုးလ၊ DMG

ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့တွင်ပြုလုပ်ခဲ့သည့် ရခိုင့်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲအတွင်း ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏ ဟောပြောချက်များမှာ ဥပဒေနှင့်ငြိမ်စွန်းသည်ဟုဆိုကာ အစိုးရမှဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးအား နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)၊ (ဂ)၊ မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇(၁)တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အမှုအား စွဲချက်တင်သင့်၊ မတင်သင့်ကို ယနေ့ သြဂုတ်လ ၂၇ ရက်နေ့ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများမှ လျှောက်လဲချက်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ရှေ့နေများမှလျှောက်လဲချက်ပေးကြရာတွင် ၎င်းတို့နှစ်ဦးအားစွဲဆိုထားသည့်အမှုများမှာ ဥပဒေ ပြဋ္ဌာန်း ချက်များနှင့်ကိုက်ညီမှုမရှိသည့်အတွက် အမှု ၃ မှုလုံးအား စွဲချက်မတင်သင့်ကြောင်းကို ဒေါက်တာ အေးမောင်နှင့် ဝေဟင်အောင်တို့၏အမှုလိုက်ရှေ့နေများမှ လျှောက်လဲချက်ပေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုပုဒ်မ ၁၂၂ အား စွဲချက်မတင်သင့်ကြောင့် လျှောက်လဲချက်ပေးခဲ့သည့် ဒေါက်တောအေးမောင်၏ အမှုလိုက်ရှေ့နေ ဦးအောင်ကျော်စိန်က “ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၁ မှာ ပြဋ္ဌာန်းထားတဲ့ ပြစ်မှုအင်္ဂါရပ်ခေါ်တာပေါ့ ဥပဒေစကားအရ။ ဒီအင်္ဂါရပ်နဲ့ ဒေါက်တာအေးမောင်ဟောပြောချက်ဟာ ငြိစွမ်းမှုမရှိဘူး။ မရှိတဲ့အတွက် ဒေါက်တာအေးမောင်အပေါ်မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၂ အရ စွဲချက်တင်ဖို့ အထောက်အထားမခိုင်လုံဘူး။ ဒါကြောင့် စွဲချက်မတင်သင့်ပါဆိုပြီးတော့ ဒေါက်တာအေးမောင်ကိုယ်စား လိုက်ပါတဲ့ရှေ့နေအနေနဲ့တရားရုံးမှာ လျှောက်လဲချက်ပေးခဲ့တယ် ” ဟု ပြောသည်။

နိုင်ငံတော်အကြည်အညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)၊ (ဂ)အမှုအား စွဲချက်မတင်သင့်ကြောင်း လျှောက်လဲချက်ပေးခဲ့သည့် ဦးကျော်နုက “နိုင်ငံတော်ဘက်ကကျတော့ ၅၀၅ ()ကိုပဲ ပြောသွားတဲ့အတွက် ၅၀၅ ()ကို အလေးထားပြီးတော့ လျှောက်လဲတင်ပြခဲ့တာပေါ့နော်။ ၅၀၅ ()လည်း မမြောက်ဘူးဆိုတာ စာရွက်မှာ ရေးထားတယ်။ ရုံးအချိန်ရှည်သွားမှာစိုးလို့။ ၅၀၅ () ()ဆိုတာ အမှုနှစ်မှု။ တစ်မှုစီ ထောင်ဒဏ် နှစ်စီကျမှာ။ ချမယ်ဆိုရင် ” ဟု ပြောသည်။

မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇(၁)အမှုအား စွဲချက်မတင်သင့်ကြောင်း လျှောက်လဲချက် ပေးခဲ့သည့် ဒေါက်တာအေးမောင်၏အမှုလိုက်ရှေ့နေ ဦစံရွှေမောင်က “စွဲဆိုထားတဲ့ပုဒ်မမှာ တားမြစ် ထားတဲ့အင်္ဂါရပ်တွေရှိတယ်။ အဲဒီအင်္ဂါရပ်တွေနဲ့ သူတို့ထွက်ဆိုချက်နဲ့ မကိုက်ညီဘူး။ အဲဒီအတွက်ကြောင့် ဒီအမှုပေါ့လေ ဒေါက်တာအေးမောင်အပေါ်မှာ စွဲချက်တင်နိုင်လောက်တဲ့ သက်သေအထောက်အထား၊ သက်သေထွက်ဆိုချက်တွေဟာ မငြိစွမ်းတဲ့အတွက်ကြောင့် အမှုကနေ စွဲချက်မတင်ခင် တရားရှင်လွှတ်ပေးဖို့ လျှောက်လဲတင်ပြခဲ့တယ် ” ဟု ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို စွဲဆိုထားသည့် အမှုများနှင့်ပတ်သက်ပြီး စွဲချက်တင်သင့်၊ မတင်သင့်ကို လာမည့်စက်တင်ဘာလ ၁၀ ရက်နေ့ရုံးချိန်းတွင် စစ်တွေခရိုင်တရားရုံးမှ အမိန့်တစ်ခု ချမှတ်မည်ဖြစ်ကြောင်း သိရသည်။