ချလူးအောင်/DMG၊ ဒီဇင်ဘာလ ၃၊မောင်တော
မောင်တောမြို့နယ်ရှိ မသန်စွမ်းများကို လူမှုဝန်ထမ်း ဦးစီးဌာနက ဒီဇင်ဘာလ(၁)ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။
မောင်တောမြို့နယ်ရှိ အကြားအာရုံ ချို့ယွင်းသူ၊ ဦးနှောက်အာရုံ ချို့ယွင်းသူ၊ ကိုယ်ခန္ဓာကိုယ် ချို့ယွင်းသူနှင့် အမြင်အာရုံချို့ယွင်းသူပေါင်း ၆၀၃ ဦးကို တစ်ယောက်ကို သုံးသောင်းစီထောက်ပံ့ပေးအပ်ခဲ့သည်။
"ကိုယ်လက်အင်္ဂါချွတ်ယွင်း ၊မျက်မမြင်၊ နားမကြား ဥာဏ်ရည်မမီ စတဲ့ မသန်စွမ်းသူတွေ ပါဝင်ပါတယ်။ တစ်ဦးကို ၃ သောင်းနှုန်းနဲ့ တစ်နှစ်တစ်ကြိမ် ကျွန်တော်တို့ လူမူဝန်ထမ်းဦးစီးဌာက ထောက်ပံ့ပေးသွားမှာပါ။ အခုကတော့ ပထမဆုံးအကြိမ်ထောက်ပံ့ခြင်းဖြစ်ပါတယ်"ဟု လူမူဝန်ထမ်းဦးစီးဌာနမှ မောင်တောမြို့နယ်တာဝန်ခံ ဦးကျော်အောင်စိန်ကပြောသည်။
ရခိုင်ပြည်နယ်အတွင်းက မသန်စွမ်းသူ ဦးရေ ၉ ထောင်ကျော်အတွက် ငွေကျပ်သိန်းပေါင်း ၂၈၀၀ ကျော်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စစ်တွေမြို့၌ ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။




