
သြဂုတ်လ (၂၇) ရက်၊၂၀၁၈ ခုနှစ်၊DMG/ချလူးအောင်။
သြဂုတ်လ ၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ မောင်တောခရိုင်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၄၃ သိန်းကျော်ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
မောင်တောခရိုင်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အမှုပေါင်း ၁၁ မှုခန့်ရှိကာ တရားခံ ကျား ၁၃ ဦးနှင့် မ ၃ ဦးအထိရှိပြီး WY စိတ်ကြွရူးသွပ်ဆေးပြား(၄၃၇၇၇၆၁)ြ
ယင်းအပြင် သြဂုတ်လ ၂၅ ရက်နေ့ကလည်း စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သိန်းကျော်ခန့်ကို ဖမ်းဆီကာ ပိုင်ရှင်မှန်ပေါ်ပေါက်ရေး ဆောင်ရွက်လျှက်ရှိပြီး သြဂုတ်လ ၁၇ ရက် ညနေ ပိုင်းကလည်း မောင်တော မြို့နယ်ရွှေဇားကျေးရွာအုပ်စု ရွှေဇား တံတား အနီးတွင် တွေ့ရှိသည့် ဂျင်း(ချင်း)များတင်ဆောင်လာသော တေဘာယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာမှ ဂျင်းများဖြင့် ရောနှောတင်ဆောင်လာသော ငွေကျပ်သိန်းပေါင်း ရှစ်သောင်းသုံးထောင် နီးပါးတန်ဘိုးရှိ စိတ်ကြွဆေးပြားပေါင်း ၂၇၆၆၀၀၀ ပြားဖမ်းဆီးရရှိမှုနှင့် ပတ်သက်သည့် တရားခံ (၂) ဦးတို့ကိုလည်း ဖမ်းဆီးထားပြီဖြစ်ကြောင်း မူးယစ်အထူတပ်ဖွဲ့(၄၆)မှ အတည်ပြုပြောကြားသည်။




