(မောင်တောအထက(၁)တွင် ပြုလုပ်သော ပညာရေးဆွေးနွေးပွဲတစ်ခုတွင် တွေ့ရသော ဆရာမများ။ ဓာတ်ပုံ - ပျံလွှား / DMG)
ချလူးအောင် / DMG
ဇန်နဝါရီလ ၂၉ ၊ မောင်တော
ရခိုင်ပြည်နယ်အစိုးရက မောင်တောခရိုင်းအတွင်းရှိ ဆရာ၊ ဆရာမများ ကျောင်းတက်ပျက်ကွက်မှုကို စိစစ်တင်ပြရန် အကြောင်းကြားမှုကြောင့် ကျောင်းတက်မှန်ကန်မှု အထောက်အထားအဖြစ် ကျောင်းဆိုင်းဘုတ်နှင့် ဝန်ထမ်းဓာတ်ပုံတွဲပို့ပေးရန် ညွှန်ကြားထားကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ အကြောင်းကြားစာအား ဘူးသီးတောင်မြို့နယ်တွင် ဇန်နဝါရီလ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားပြီး မောင်တောခရိုင်တစ်ခုလုံးတွင်လည်း စာထုတ်မည်ဖြစ်ကြောင်း မောင်တောခရိုင် ပညာရေးမှူး ဦးခင်အောင်က ပြောသည်။
ဆရာ၊ ဆရာမများ ကျောင်းတက်မှန်ကန်မှု အထောက်အထားအဖြစ် ကျောင်းဆိုင်းဘုတ်နှင့် ဝန်ထမ်း ဓာတ်ပုံတွဲပြီး ယခု ဇန်နဝါရီလ ၃၁ ရက်နေ့အမှီ ပေးပို့ရမည်ဖြစ်ကြောင်း ညွှန်ကြားစာတွင် ပါရှိသည်။




