ချလူးအောင်၊DMG

အောက်တိုဘာ ၃၊မောင်တော

မောင်တောမြို့အတွင်း (၂၄)နာရီ လျှပ်စစ်မီး လာမည့်  ဒီဇင်ဘာလတွင်ရရှိမည်ဟု မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်လှစောက ပြောသည်။

လက်ရှိတွင် ဘူးသီးတောင် လျှပ်စစ်ဓာတ်အားခွဲစက်ရုံ တည်ဆောက်မှု ၉၀ ရာခိုင်နှုန်း ပြီးစီး နေပြီ ဖြစ်ကာ စိုင်းဒင်မြစ်ကျော် ကြိုးသွယ်တန်းမှု ပြီးစီးလျှင် ဘူးသီးတောင်မြို့ ၂၄ နာရီ မီးရရှိမည်ဖြစ်သည်။ ယင်းစက်ရုံမှ တစ်ဆင့် မောင်တောမြို့ကို လျှပ်စစ်ကြိုးသွယ်တန်းနေခြင်းဖြစ်ပြီး လက်ရှိတွင် ၆၀ ရာခိုင်နှုန်း ပြီး စီးနေပြီဟု ဦးအောင်လှစောက ဆိုသည်။

"အောက်တိုဘာလမှာဘူးသီးတောင်မြို့နယ်ရှိ(၁၀)မိုင်ပတ်လည်အတွင်းကကျေးရွာပေါင်း(၁၁)ရွာကိုလျှပ်စစ်ဓါတ်အားဖြန့်ပေးသွားမှာပါ။ ဘူသီးတောင်မှ တစ်ဆင့် မောင်တောမြို့ကို ထပ်ဆင့် သွယ်တန်းမူက ၆၀% ပြီးစီးနေပြီ”ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာလတွင် မောင်တောမြို့နယ်က ကျေးရွာပေါင်း(၁၅) ရွာကိုလျှပ်စစ်ဓာတ်အားစတင် ဖြန့်ဝေ သွားမည်ဖြစ်ကာ မောင်တောမြို့နယ်မြောက်ပိုင်ကြိမ်ချောင်းကို လျှပ်စစ်မီးရရှိရန် ၂၀၁၈/၁၉ ခုနှစ်အတွင်း အကောင်ထည်ဖော်သွားမည်ဖြစ်သည်။

ကြိမ်ချောင်း မီးရရှိရေးအတွက်  တင်ဒါ စခေါ်တော့မည်ဖြစ်ကာ ကြိမ်ချောင်းမှ တစ်ဆင့် ကျေးရွာ(၁၆)ရွာကို လျှပ်စစ်မီးဖြန့််ဝေပေးမည်ဟု သိရသည်။

လျှပ်စစ်မီတာများကိုလည်း ကျေးလက်သုံး၊မြို့နယ်သုံး၊ မြို့ကြီးသုံး စနစ်ဖြင့် ပေးသွားမည်ဟု သိရသည်။

Author: ချလူးအောင်