
မောင်တောမြို့အမှတ် (၅) ရပ်ကွက်တွင် အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာဖွေ ကားတစ်စီးအား ရပ်တန့်စစ်ဆေးရာ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ကာလတန်ဖိုးကျပ်သိန်းပေါင်း ကိုးထောင်ကျော်ဖိုးအား ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများကို ယဉ်မောင်းဖြစ်သူ ညီညီ အသက် (၂၂) မောင်းနှင်လာသော အဖြူရောင် SHN 4M/8341 Hijet ယဉ်ပေါ်မှ ဆာလာအိတ် (၂)လုံးအတွင်း ထည့်ယူလာသော စိတ်ကြွရူးသွပ်ဆေးပြားပေါင်း (၄၈၇၅၀၀) ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းလည်း မူးယစ်အထူးတပ်ဖွဲ့မှ ရဲမှူးမောင်မောင်ရီက ပြောသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး သိန်းပေါင်း 975,000,000 ခန့် တန်ဖိုးရှိပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့ကလည်း မောင်တောမြို့ဝင်ဂိတ်အနီး အမှတ် (၈၂၈) ထောက်/ပို့ တပ်သားနှစ်ဦး မောင်းနှင်လာ တိုယိုတာကားပေါ်မှ WY စိတ်ကြွဆေးပြား၊ (၁၈၈၁၇၅၀) ပြား၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၃၇၆၃၅) ခန့်အားဖမ်းဆီးရမိခဲ့သည်။




