(အကြမ်းဖက် အဒူရာအား မောင်တောဆေးရုံး၌ ဆေးကုသနေနေစဉ်။ ဓါတ်ပုံ - ချလူးအောင်)

မေလ ၉ ရက်၊ ၂၀၁၇ ခုနှစ်၊ မောင်တော (DMG) ။      ။   မောင်တောမြို့နယ် သက်ဝင်ချောင်းကျေးရွာ၊ ဂွဆုံကျေးရွာနှင့် ဆူရာလီကျေးရွာများအတွင် အကြမ်းဖက်လျှက်ရှိသော ဓါးပြအဆင့်ရှိ အဒူရာကိန်း၏ အကိုဖြစ်သူ အဒူရာ (အသက် ၅၀)ကို မေလ ၈ ရက်နေ့က ဖမ်းဆီးရမိကြောင်း မောင်တောနယ်ခြားစောင့်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယခုဖမ်းဆီးရမိသော အဒူရာမှာ သဝင်ချောင်းကျေးရွာနေ အဘ ဇာနာလီ၏ သားဖြစ်ကြောင်း သိရသည်။

သတင်းရရှိသည်နှင့် ကျေးရွာကာကွယ်ရေးအဖွဲ့များနှင့် ဒုရဲအုပ် သန်းထွန်းဝင်း ဦးစီးသောအဖွဲ့တို့ ဆူရာလီကျေးရွာသို့ သွားရောက် ဝိုင်းဝန်းဖမ်းဆီးပြီး အကြမ်းဖက်သမား အဒူရာအား မိခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်သမား အဒူရာမှာ ရွာသားများ (ဘင်္ဂလီ) ဝိုင်းဝန်းဖမ်းဆီးစဉ် ရိုက်နှက်မှူကြောင့် ဦးခေါင်းတွင် ဒဏ်ရာရရှိပြီး ဒေသ (၃) အင်းဒင်နယ်မြေရဲစခန်းသို့ ခေါ်ဆောင်လာကာ ယခု မောင်တောဆေးရုံးသို့ အင်းဒင် စခန်းမှူး ရဲအုပ်အေးမောင်ထွန်းက ပို့ထားဆောင်ထားသည်။

အကြမ်းဖက်သမား အဒူရာအား ကိုးတန်ကောက် စခန်းမှူး ရဲမှူး ဝေလင်းမှ တရားလိုပြုလုပ်ပြီး ဥပဒေနှင့်အညီ အမှူဖွင့် အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။

အဒူရောကိန်းအဖွဲ့မှာ သဝင်ချောင်းအနီးတွင် ခြေရာဖျောက်လျှက်ရှိပြီး ခေါင်းဆောင်တစ်ဦးကို ဖမ်းမိသည့်အတွက် လက်တုန့်ပြန်လာမည့် အနေအထားကို တွေ့နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

အဆိုပါ ရွာထဲရှိ ဘင်္ဂလီကုလားတစ်ယောက်ယောက်မှ ရဲကို သတင်းပေးသည်ဆိုပြီး လက်တုန့်ပြန်မည့် အနေအထားမှာ တွေ့နေရကြောင်း သိရသည်။

Author: ချလူးအောင်