ချလူးအောင်၊DMG

နိုဝင်ဘာလ ၂၊မောင်တော

မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ကျေးရွာတွင် နိုဝင်ဘာလ ၁ ရက်နေ့၊ညနေ (၁၁) နာရီ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်ဟု  မြို့နယ် မီးသတ်ဦးစီးဌာနက သိရသည်။

မီးတိုက်ကျေးရွာနေ ဦးဘအောင်(ဘ)ဦးမောင်နီ၏ နေအိမ် သွပ်မိုး၊ ဝါးထရံကာအိမ်ရှိ၊ (၄)​ပေ ပတ်​လည်​ ​မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် တွဲလျက်ရှိသည့် ကုန်စုံဆိုင် (၁)ဆိုင်တို့ကို မီးလောင်းကျွမ်းခဲ့သည်။ မီးလောင်မှု ကြောင့်  TV sansaung (၁) လုံး၊ အောက်စက်(၁)လုံး၊ PSI (၁) လုံး၊ CZI ဆိုင်ကယ် (၁) စီး၊ ဈေးဆိုင်ရှိ ကုန်ပစ္စည်းများ မီးလောင်ကျွမ်းခဲ့မှုကြောင့် စုစုပေါင်း ကျပ်သိန်း(၂၀)ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

မီးလောင်နေစဉ် ကျေးရွာသူ/သားများ က ကျေးရွာအနီးရှိ ရေတွင်းရေကန်များမှ ရေများဖြင့် မီးငြိမ်းသတ်ခဲ့ ကြသောကြောင့် လူ၊တိရိစ္ဆာန်များထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေ။

မီးလောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင် ဖြစ်သူကို  တောင်ပြို(ယာ)နယ်မြေရဲစခန်းမှ ပ-၁၇/၂၀၁၈၊ ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း မောင်တောမြို့နယ်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

Author: ချလူးအောင်