
ဒီဇင်ဘာလ ၁၆၊ ၂၀၁၈ ခုနှစ်၊ ချလူးအောင် / DMG
မောင်တောမြို့နယ် သစ်တောရွာကျေးရွာတွင်နေထိုင်သည့် အသက် ၁၃ နှစ်အရွယ် မနှင်းဖြူ(ခ) မီးချေသည် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် နွားလွတ်ရန်သွားရာမှ ပျောက်ဆုံးသွားခဲ့ရာ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် သေဆုံးနေသည့်အလောင်းအား ရွာနှင့်နှစ်မိုင်ခန့်အကွာတွင်တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါကလေးငယ်ပျောက်ဆုံးနေသည့်အတွက် ကျေးရွာသားများဝိုင်းဝန်းရှာဖွေကြရာ အခေါင်းပေါက်ချောင်း အနီး ဇိမ်ပင်းချောင်းကြားတွင် အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သစ်တောရွာကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မှ ပြောသည်။
“ကျေးရွာသားတွေလိုက်ရှာဖို့ မနက်ကတည်းက ထွက်သွားကြပါတယ်။ ညနေ ၄ နာရီလောက်မှ ကျနော့်ကို ဖုန်းဆက်အကြောင်းကြားလာပါတယ်။ အလောင်းတွေ့ပြီလို့။ အခု တရားခံဖမ်းဆီးဖို့ သက်ဆိုင်ရာလုံခြုံရေး အဖွဲ့နဲ့ပူပေါင်းဆောင်ရွက်နေပါတယ်။ မုဒိန်းမှု ဟုတ်မဟုတ်ကိုတော ဆေးစစ်ပြီးမှသိနိုင်မှာပါ” ဟု ၎င်းက ပြောသည်။
သေဆုံးသွားသည့် မိန်းကလေး၏လည်ပင်းတွင် ပြတ်ချဒဏ်ရာကိုတွေ့ရပြီး သစ်တောရွာကျေးရွာသားများမှ ပြောသည်။
“သက်ဆိုင်ရာက လာရောက်စစ်ဆေးပြီးမှ အလာင်းကို သယ်ယူခလာကြတာပါ။ ဒီကလေးမလေးဟာ လည်ကိုဓားနဲ့လှီးခံရတယ်။ မုဒိန်းကျင့်ခံရသလားဆိုတာတော့ ဆေးစစ်ချက်က အဖြေပေးပါ လိမ်မယ်” ဟု သစ်တောရွာကျေးရွာသား ကိုသန်းဇော်မှပြောသည်။




