
(မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာတွင် တွေ့ရှိခဲ့သည့် လက်လုပ်မိုင်းများ။ ဓါတ်ပုံ - ချလူးအောင်၊ DMG)
ဒီဇင်ဘာလ ၅ ရက်၊ ၂၀၁၇ ခုနှစ်။ ။ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ဘင်္ဂါလီကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့က လက်လုပ်မိုင်း ၉၇ လုံးတွေ့ရှိခဲ့ကြောင်း အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ကျေးရွာ၏ အစွန်ဖက် နွားတင်းကုတ်အနီးတွင် မိုင်းများတွေ့ရှိကြောင်း ကျောက်ပန္ဒူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းအောင်မှ သတင်းပေးပို့ချက်အရ တပ်မတော်စစ်ကြောင်းက သွားရောက်ရှင်းလင်းခဲ့ရာ မြေကြီးအတွင်း မြှုပ်နှံထားသော ပေပါပုံးအတွင်း ဒေသန္တရလက်လုပ်မိုင်း (၉၇) လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း ၄င်းကဆိုသည်။
ကျောက်ပန္ဒူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းအောင်က "ဟုတ်ပါတယ်။ ကျွန်တော်တို့က မီးလောင်သွားတဲ့ နေမြေတွေကို ရှင်းလင်းရာမှာ မသင်္က္ခာစရာ မြေကြီးအနေအထားတွေကြောင့် နည်းနည်း တူးကြည့်တဲ့အခါ အစပိုင်းက မိုင်းတွေ ထောင်ထားတယ်လို့ ထင်ခဲ့တာပါ။ တပ်ကို သွားပြီး အကြောင်းကြားတော့ တပ်က လာရောက် စစ်ဆေး တူးဖော်တဲ့အခါမှာ လက်လုပ်မိုင်းဆိုတာကို သိရပါတယ်။ " ဟု ဆိုသည်။





