
ချလူးအောင်၊ DMG
စက်တင်ဘာ ၁၅၊ မောင်တော
မောင်တောမြို့နယ် ၊သဲချောင်းကျေးရွာအုပ်စု ၊မော်လဝီကျေးရွာတွင် အမည်မသိဘင်္ဂလီ ၈ဦး ခန့်က ရွာထဲသို့ဝင်လာပြီးကျေးရွာသားများထံမှရွှေ၊ငွေများကိုလုယူသွားသည်ဟု နံသာတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက DMG ကို ပြောသည်။
စက်တင်ဘာလ ၁၃ ရက်နေ့၊ ညနေ ၈ နာရီကျော်အချိန်တွင် မော်လဝီကျေးရွာမှ ဦးအောင်လှဖြူ အိမ်သို့ ဝင်ရောက်ကာ ၎င်းနှင့်မိသားစုဝင်များအား ကြိုးတုတ်ပြီး MI ဖုန်းတစ်လုံး ၊Senponyဖုန်းတစ်လုံး ၊Deina ဖုန်းအမျိုးအစားတစ်လုံး နှင့် ငွေ(၅)သောင်းကျပ် အလေးချိန်(၃) ပဲ ခန့် ရွှေနားကပ်တစ်ရံတို့ကို လုယူသွား ကြောင်း သိရသည်။
ယင်းအပြင် ဒေါ်နော်ကီဘေဂွန်၏ နေအိမ်သို့ဝင်ရောက်ကာ ငွေကျပ်(၁၉)သိန်း ၊အလေးချိန်(၁)ကျပ်သား ခန့်ရှိသည့် ရွှေဆွဲကြိုးတစ်ကုံး နှင့် ရွှေလက်ကောက်တစ်ရံ၊ ရွှေလက်စွပ်တစ်ကွင်း ၊ရွှေနားကပ်တစ်ရံ နှင့် Sony ဖုန်းတစ်လုံးကို လုယူသွားကြောင်းသိရသည်။
အဆိုပါပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် နယ်မြေအတွင်း ပိတ်ဆို့ရှင်းလင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။




