(ယနေ့ နံနက် ၈ နာရီခွဲက အီးယူသမဂ္ဂအဖွဲ့ ဘင်္ဂလီကျေးရွာ ဝါးပိတ်ကျေးရွာသို့ သွားရောက်လေ့လာစဉ်။ ဓါတ်ပုံ - ချလူးအောင်/DMG)
မေလ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်၊ မောင်တော (DMG) ။ ။ Mr.Christops Styliandes ဦးဆောင်သော EU သမဂ္ဂအဖွဲ့ဝင် ၉ ဦး အဖွဲ့သည် ယနေ့ (မေလ ၁၄) နံနက် ၈ နာရီခွဲတွင် ဝါးပိတ်ဘင်္ဂလီကျေးရွာနှင့် မီးလောင်ပြင်အား မှတ်တမ်းဓါတ်ပုံများနှင့် ဗီဒီယိုမှတ်တမ်းများရိုက်ကူးပြီး လေ့လာနေကြောင်းသိရသည်။
ယင်းအပြင် ကြက်ရိုးပြင် ဘင်္ဂလီကျေးရွာနှင့် ကြက်ရိုးပြင် မီးလောင်ပြင်ဈေးကို ဆက်လက်လေ့လာ မှတ်တမ်းများယူပြီး ကျီကန်းပြင်ဘင်္ဂလီကျေးရွာ အလယ်ရွာတွင် ခေတ္တယာယီ နေထိုင်လျှက်ရှိသော ဝါးပိတ်ဘင်္ဂလီအိမ်ထောင်စု ၃၀ အား ပစ္စည်း ၇ မျိုးသော ထောက်ပံ့ရေး အထုတ်များကို ပေးလှူခဲ့သည်။
EU အဖွဲ့ဝင်နိုင်ငံများမှာ UNHCR အား ပေးလှူထားသော အလှူရှင်နိုင်ငံများဖြစ်ရာ တကယ့် လက်တွေ့မှာ UNHCR အနေနဲ့ WFP မှတစ်ဆင့် အမှန်တကယ် လှူဒါန်းမှူရှိမရှိကို လက်တွေ့ လာရောက်လေ့လာခြင်းနှင့် EU အဖွဲ့ဝင်များအား WFP မှ လှူဒါန်းမှူစာရင်းအရ အမှန်တကယ် လှူဒါန်းထားမှူရှိမရှိကို ဖားဝပ်ချောင်း ရခိုင်ကျေးရွာတွင် လေ့လာကြသည်။
EU အဖွဲ့သည် ဖားဝပ်ချောင်း နတလ စုစည်းရွာရှိ ဦးသိန်းလှမောင်၏ လက်ဘက်ရည်ဆိုင်၌ထိုင်၍ ရပ်မိ/ရပ်ဖ ဦးစိန်ထွန်း (ဘ) ဦးညိုဇံ ၆၂ နှစ်အား တွေ့ဆုံ၍ ရခိုင်ရွာအနေဖြင့် မွတ်ဆလင်ရွာများနှင့် ဆက်သွယ်သွားလာမှု ရှိပါသလားဟု မေးမြန်းရာ ဦးစိန်ထွန်းမှ
“ လက်ရှိအချိန်၌ အေးချမ်းမှုရှိကြောင်း၊ နောက်မည်သို့ ဖြစ်လာနိုင်မည်ကို ပြောပြ၍မရပါကြောင်း ” ဖြေကြားခဲ့သည်။
EU အဖွဲ့မှ စီးပွားရေးလုပ်ငန်းများ အဆင်ပြေမှု ရှိမရှိမေးမြန်းရာ " မိမိတို့ရွာသားများအနေဖြင့် ဂဏန်းထောင်ခြင်း၊ ဖားငါးရှာဖွေစားသောက်သည့် အသက်မွေးဝမ်းကျောင်းပြီး လုပ်ကိုင်စားသောက်နေရပါကြောင်း ၉/၁၀ အရေးအခင်းနောက်ပိုင်း ကုလားများလည်း မိမိကျေးရွာဘက်သို့ မလာကြသလို မိမိတို့ရခိုင်များကလည်း ကုလားရွာများသို့ မသွားကြတော့ပေ။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများ အဆင်မပြေကျပ်တည်းရတဲ့ အနေအထားရှိပါကြောင်းပြောကြားရာ EU အဖွဲ့မှ မိမိတို့အဖွဲ့အစည်းအနေဖြင့် နှစ်ဖက်လူမှုအသိုင်းအဝိုင်းသို့ လှူဒါန်းမှုများပေးလျှက်ရှိပါကြောင်း ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်းပြောကြားရာ ဦးစိန်ထွန်းမှ မိမိအနေဖြင့် "မှတ်ထားခြင်းမရှိသော်လည်း ၂၀၁၆ အောက်တိုဘာ ၉ ရက်နေ့ နောက်ပိုင်း အဖွဲ့အစည်းအသီးသီးမှ ကူညီထောက်ပံ့မူများ လက်ခံရရှိပါကြောင်း မည်သည့်အဖွဲ့မှ လှူဒါန်းသည်ကို လက်ရှိကျေးရွာအုပ်ချုပ်ရေးမှူးသာ သိရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားရာ EU အဖွဲ့မှ ဖြေကြားမှုအား ကျေးဇူးတင်ပါကြောင်း မိမိတို့အဖွဲ့အစည်းအနေဖြင့် အလှူသက်သက်ဖြင့်သာ ရောက်ရှိလာခြင်းဖြစ်ပြီး ထပ်မံ၍လည်း လှူဒါန်းမှုများ ပြုလုပ်ပေးသွားမည်ဟုပြောကြားခဲ့သည်။
ထို့နောက် EU အဖွဲ့သည် ဖားဝပ်ချောင်းရွာအား လှည့်လည် ကြည့်ရှူးကြပြီး နေ့လည် ၁၂ နာရီတွင် ဘူသီးတောင်မှတစ်ဆင့် စစ်တွေသို့ Speed boat များဖြင့် ထွက်ခွါးသွားခဲ့ကြပြီဖြစ်ကြောင်း သိရသည်။




