ခင်သရဖီဦး၊ DMG
အောက်တိုဘာ ၃၊ မြေပုံ
အကျဉ်ဦးစီးဌာနက မြေပုံမြို့နယ် မြောက်ကြိမ်ကျေးရွာမှ သိမ်းယူခဲ့သောလယ်မြေ ဧက ၃၀၀ ကျော်ကို ပြန်လည် ပေးအပ်တော့မည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်သတ္တုတွင်းဝန်ကြီးဦးကျော်လွင်ကပြောသည်။
“ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကိုယ်တိုင် လာပေးမှာ။ရက်ကိုတော့ သမ္မတ ခရီးစဉ် ဖြစ်လို့ အတိအကျ ပြောလို့မရဘူး”ဟု ဦးကျော်လွင်က ဆိုသည်။
၎င်းလယ်မြေများမှာ လယ်သမား၄၅ဦး လုပ်ကိုင်စားသောက်နေသော မြေများဖြစ်သည်။ အဆိုပါ သိမ်းဆည်းမြေနှင့်ပတ်သတ်ပြီး ပြန်လည်းပေးအပ်ရန် ပထမအကြိမ်လွှတ်တော်နှင့် ဒုတိယအကြိမ် လွှတ်တော်တို့တွင် တောင်းဆိုခဲ့ရသည်ဟု မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ဆိုသည်။
“ဝန်ကြီးဦးကျော်လွင်က လွှတ်တော်မှာမဟုတ်ဘဲ ကျနော့်ကို အကြောင်းပါတယ်။ အခုလ၁၁ရက်နေ့မှာ ဒုသမ္မတ ကိုယ်တိုင် လယ်သမားများလက်ထဲကို လာရောက် ပေးမယ်ပြောပါတယ်။ လယ်သမားတွေကလည်း အခုဝမ်းသာနေကြပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ လယ်ယာမြေများကို အကျဉ်းဦးစီးဌာနက ၂၀၀၄ ခုနှစ်တွင် သိမ်းယူခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း၁၄ နှစ် အကြာမှာ လယ်သမားများထံသို့ ပြန်လည်ပေးရန် စီစဉ်နေခြင်းဖြစ်သည်။




