မြောက်ဦးပဋိပက္ခဖြစ်စဉ် ဖြစ်ပွားသည့်ညက ပစ်ခတ်မှုမဖြစ်မီ လမ်းလျှောက်ပြီးဆန္ဒထုတ်ဖော်နေကြသူများကို တွေ့ရစဉ်

 

ခင်သရဖီဦး၊ DMG

နိုဝင်ဘာ၂၊ စစ်တွေ

မြောက်ဦးမြို့တွင် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်း အထိမ်းအမှတ်ကျင်းပခွင့် တားဆီးမှုနှင့်ပတ်သတ်ပြီး ဆန္ဒပြကြသည့် ပြည်သူများကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းမှုကိစ္စကို စုံစမ်းသည့် ပြည်နယ်လွှတ်တော် မြောက်ဦး အစီအရင်ခံစာကိုလွှတ်တော်အစည်းအဝေး စတင်လျှင် တင်သွင်းသွားမည်ဟု မြောက်ဦးစုံစမ်းရေးလေ့လာရေး ကော်မတီအတွင်းရေးမှူးဦးထွန်းသာစိန်ကပြောသည်။

“ကျနော်တို့ မြောက်ဦးအစီရင်ခံစာကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ကျင်းပမယ့်အစည်းအဝေးမှာ တင်ပြသွားမှာ ဖြစ်ပါတယ်။ လွှတ်တော်အစည်းဝေးဘယ်အချိန်မှာ ကျင်းပမလဲတော့ မသိသေးပါဘူး။ ကျင်းပတဲ့အခါမှာ အစီရင်ခံစာကို တင်ပြပေးသွားမှာပါ ”ဟု ၎င်းကပြောသည်။

ယခင်က အစီအရင်ခံစာကို လွှတ်တော်သို့ မတင်နိုင်သေးခြင်းမှာ ဖမ်းဆီးခံနေရသည့် လူငယ်များကို အပြစ်တိုး၍လုပ်မည်ကို စိုးရိမ်သောကြောင့် တင်ပြရန်ဆိုင်းငံ့ထားခြင်းဟု ဦးထွန်းသာစိန်က ဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦးမြို့နယ်တွင် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲတစ်ခုကို နန်းရာကုန်းမှုာ ပြုလုပ်ခြင်းကို အာဏာပိုင်များက ပိတ်ပင်လိုက်သောကြောင့် ပြည်သူများ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး ဒေသခံ ၇ ဦး သေဆုံးသွားကာ ၁၂ ဦးဒဏ်ရာ ရရှိခဲ့သည်။ ယင်း ၁၂ ဦးအနက် ၈ ဦးကို အများပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး ဥပဒေ ၆(၁) ဖြင့် မြောက်ဦးဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီးနောက်တရားစွဲဆိုခဲ့သည်။ ယင်း ၈ ဦးကို စက်တင်ဘာလ ၂၄ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် (၈) လချမှတ်လိုက်သည်။

ထို့ပြင် ၎င်းတို့ကို နိုင်ငံတော် အလံ အက်ဥပဒေပုဒ်မ ၁၆ ဖြင့် ထပ်မံဖမ်းလိုက်သည်။သို့သော် တရားစွဲဆိုရန် မသင့်ဟုဆိုကာ မြောက်ဦးမြို့နယ်တရားရုံးက အာမခံဖြင့် လွှတ်ပေးလိုက်သည်။

မြောက်ဦးစုံစမ်းရေး လေ့လာရေးကော်မတီကို ဇန်နဝါရီလ ၂၉ ရက်နေ့က ပြည်နယ်လွှတ်တော်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ကနဦးတွင် စုံစမ်းစစ်ဆေးရေးအမည်ဖြင့် ဖွဲ့စည်းခဲ့သော်လည်း ပြည်ထောင်စုအစိုးရက ဖိအားပေးသောကြောင့် မြောက်ဦးစုံစမ်းရေးလေ့လာရေးအမည်ဖြင့် ပြောင်းလဲလိုက်ရသည်။

လွှတ်တော်တွင် မြောက်ဦးစုံစမ်းလေ့လာရေးကော်မတီ စတင်ဖွဲ့စည်းစဉ်က လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က ကန့်ကွက်ခဲ့သည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦးမြို့နယ်တွင် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲတစ်ခုကို နန်းရာကုန်းမှာ ပြုလုပ်ခြင်းကို အာဏာပိုင်များက ပိတ်ပင် လိုက်သောကြောင့် ပြည်သူများ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး ဒေသခံ ၇ ဦး သေဆုံးသွားကာ ၁၂ ဦးဒဏ်ရာ ရရှိခဲ့သည်။