“ မြောက်ဦးရဲစခန်းမှာ ဧပြီလ ၂၁ ရက်နေ့ ညနေလောက်က သွားတိုင်တယ်။ ဒီလောက်ကြီးတဲ့ အမှူကို အာမခံပုဒ်မနဲ့ အရေးယူတယ်။ ကျနော် ဒီလောက်နဲ့ မကျေနပ်ဘူး။ ထပ်ပြီး ဒီထက်ကြီးတဲ့ ပုဒ်မနဲ့ အရေးယူစေချင်တယ်။ အာမခံ မရစေချင်ဘူးပေါ့။ ပြီးတော့ အခုထိ ဖမ်းဆီးချုပ်နှောင်ထားခြင်း မရှိသေးဘူး။ အခု ကျနော်တို့ မလုံခြုံတော့ဘူး။ ရွာမှာလည်း မနေရဲဘူး။ မြောက်ဦးမှာ တိန်းရှောင်နေရတယ်။ သူတို့ကို လွှတ်ပေးထားတော့ ရွာကို မသွားရဲဘူးပေါ့။ ” ဟု ပြောသည်။

ဦးဦးကျော်မြင့်နှင့် ဦးသိန်းထွန်းတို့သည် လယ်ယာမြေပိုင်ဆိုင်မှူ အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခုကြောင့် ပြဿနာဖြစ်ပွားကြရာတွင် ဦးသိန်းထွန်းသည် ကျေးရွာအတွင်းက မိသားစုများ၊ လူငယ်များနှင့် လူရင်းကားများကို ခေါ်ယူပြီး တုတ်၊ ဓါးများကိုင်ဆောင်ကာ ဦးဦးကျော်မြင့်နေအိမ်ကို လာရောက် ခဲနှင့်ပစ်မှူများ၊ အိမ်မှန်တံခါးများကို ဖျက်ဆီးမှူများ၊ ကားနှင့်ဆိုင်ကယ်တို့ကို ရိုက်နှက် ဖျက်စီးမှူများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ သူတို့က လူအများနဲ့လာတော့ ကျနော်တို့က အိမ်ထဲအခန်းမှာ ပုန်းနေရတယ်။ အပြင်ထွက်ရင် အခံရမှာကို ကြောက်လို့။ သူတို့က အိမ်ကို ခဲနဲ့ ပစ်တယ်။ အိမ်တံခါးမှန်တွေအားလုံး ကွဲသွားတယ်။ ကားနဲ့ ဆိုင်ကယ်တွေကိုလည်း ဖျက်စီးသွားတယ်။ ကျနော်တို့မှာ ဆုံးရှူံးမှူ သိန်း ၃၀၀ လောက်ရှိတယ်။ ” ဟု လူနေအိမ် ဖျက်စီးခံရသည့် ပိုင်ရှင် ဦးဦးကျော်မြင့်က ဆိုသည်။

အခင်းမဖြစ်ပွားမီ တစ်နာရီအလိုက တိန်ညို ရဲစခန်းကို ဖုန်းဆက်တိုင်ကြားသော်လည်း အချိန်မီလာရောက်ဟန့်တားခြင်း မရှိကြောင်း၊ အခင်းဖြစ်ပွားပြီးအချိန်တွင်လည်း လာရောက် စစ်ဆေးမှူများ မရှိကြောင်း၊ အရေးယူရန် တိုင်းကြားသော်လည်း မြောက်ဦးရဲစခန်းကိုသာ လွှဲပြောင်းပေးကြောင်း ၄င်းကဆက်ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြောက်ဦးမြို့မရဲစခန်းကို DMG က ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်မရရှိခဲ့ပေ။ ဆက်လက်ပြီး တိန်ညိုရဲစခန်းကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

တရားလို ဦးဦးကျော်မြင့်မှာ ဦးဆောင်သူ ဦးသိန်းထွန်းအပါအ၀င် ဦးအောင်ထွန်းသိန်းနှင့် အခြား ၆ ဦးတို့ကို တရားစွဲဆိုရန် တိုင်ကြားသော်လည်း မြောက်ဦးမြို့မရဲစခန်းက လူများနေသောကြောင့် ၅ ဦးသာ လက်ခံခဲ့ကြောင်း ဦးဦးကျော်မြင့်က ပြောသည်။

 

Author: ဇော်ဇော်(မြောက်ဦး)