(ယနေ့ မေလ ၁၂ ရက်နှင့် ၁၃ ရက် ၂ ရက်တိုင်တိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးပါဝင်ခွင့်ရရှိရေးဆွေးနွေးနေစဉ်။ ဓါတ်ပုံ - ဟန်ထူးဇော်/DMG)

မေလ ၁၃ ရက်၊ ၂၀၁၇ ခုနှစ်၊ ကျောက်ဖြူ (DMG) ။     ။   ငြိမ်းချမ်းရေးလုပ်ငန်းများကို ရခိုင်အမျိုးသမီးများ ပါဝင်ပတ်သတ်လုပ်ဆောင်နိုင်ရန်အတွက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ယပ်လှဲကျောင်း ပရိယတ္တိစာသင်တိုက်တွင် မေလ ၁၃ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ အလုပ်ရုံဆွေနွေးပွဲကို ၂ ရက်တိုင်တိုင်ကျင်ပနေပြီးဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်ခြင်းနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေပွဲကို ကျောက်ဖြူမြို့နယ်မှာ ပထမဆုံးအကြိမ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသမီးများ ခေါင်းဆောင်ပိုင်းနှင့် အတွေးအခေါ်များ မြင့်မားစေရန်ရည်ရွယ်ကြောင်း ဦးဆောင်ကျင်ပသူ ရခိုင်အမျိုးသမီးကွန်ရက်မှ ဥက္ကဋ္ဌ ဒေါ်ညိုအေးမှရှင်းပြပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် သင်ကြားပို့ချပေးမည့် ရောင်ခြည်သစ်အဖွဲ့မှ ဒေါ်ခင်လှက အမျိုးသမီးများ ဖိနှပ်မှုခံနေရပြီး လိင်အကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ လူကုန်ကူးခံရမှုများရှိပြီး ယခုဆိုလျှင် သက်ငယ်မှုဒိမ်းမှုများပါ ရှိလာကြောင်းအမျိုးသမီးများ အနေဖြင့် ရသင့်ရထိုက်သော အခွင့်အရေးများကို သိရှိနားလည်အောင်နှင့် စွမ်းရည်မြင့်မားအောင် ရည်ရွယ်ပြီး သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ယင်းဆွေးနွေးပွဲ၌ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လက်ရှိအမျိုးသမီးကဏ္ဍနှင့်ပတ်သက်၍ အမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားသော ခေါင်းဆောင်ကောင်းဖြစ်ပေါ်လာရေးအားဆွေးနွေးခြင်းရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှုအမျိုးအစားများကို သုံးသပ်ရေးဆွဲခြင်၊ မြန်မာနိုင်ငံရှိ အရပ်သား ပစ်ခတ်ရပ်စဲရေးစောင့်ကြည့် လေ့လာဆွေးနွေးတင်ပြခြင်း၊ NCA လက်မှတ်ထိုးထားသော နေရာနှင့် လက်မှတ်မထိုးထားသောနေရာမှ အရပ်သားပစ်ခတ်ရပ်စဲရေး၊ စောင့်ကြည့် လေ့လာခြင်းဆိုင်ရာ အတွေ့အကြုံမျှဝေတင်ပြခြင်း ရခိုင်ပြည်နယ်အတွင်း အမျိုးသမီးများ အခန်းကဏ္ဍကို စောင့်ကြည့် လေ့လာခြင်းတို့ပါဝင်မည်ဖြစ်သည်။

အဆိုပါ ဆွေးနွေးသို့ ရခိုင်ပြည်နယ်ရှိ အမျိုးသမီးကွန်ယက်၊ အစည်းအရုံး၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေး၊ အမျိုးသမီးရေးရာတို့နှင့် စိတ်ပါဝင်စားသူများ ၁၀၀ ကျော်တက်ရောက်ခဲ့ပြီး အမျိုးသမီးငယ်အများစုပါဝင်ကြောင်းသိရသည်။

Author: ဟန်ထူးဇော်