မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစစ်ကို အမြစ်ပြတ်အောင် မလုပ်နိုင်ပါက ပိုပြီးအကျပ်အတည်းတွေ့ကာ ကျရှူံးသည့်နိုင်ငံထဲသို့ ကျရောက်သွားနိုင်ကြောင်း ရခိုင်အမျိုးသားပါတီက မြောက်ဦးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။

ရန်ကုန်မြို့၊ ဗဟန်မြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ဧပြီလ ၂၃ ရက် နေ့လည်က နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးဆောင်ပြုလုပ်သည့် "မြန်မာနိုင်ငံဟာ ကျရှုံးတဲ့နိုင်ငံအဖြစ်ကို ဦးတည်နေပြီးလား"ဆိုသည့် ဆွေးနွေးပွဲတွင် ဦးဦးလှစောက ပြောကြားခဲ့ခြင်းဖြစ်သည်။

" မြန်မာနိုင်ငံရဲ့ဘက်ပေါင်စုံက ယိုးယွင်နေတဲ့ အလားအလာတွေဖြစ်နေပါတယ်။ အဓိကတော့ ပြည်တွင်စစ်ပြသာနာပေါ့။ နောက်ဆက်တွဲပြဿနာအဖြစ် ရာဇာဝတ်မှုတွေများလာပါတယ်။ ကိုယ်ကျင့်တရားတွေ ပျက်ယွင့်လာကြတယ်။ မူးယစ်ဆေးဝါးပြသနာတွေ တက်လာတယ်။ တခြားလူငယ်လူရွယ်တွေ နိုင်ငံခြားကို ထွက်ခွာမှုတွေ တဖြည်းဖြည်းများလာတယ်ပေါ့။ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းအောင်လုပ်ရမယ်။ နိုင်ငံရေးဆွေးနွေးပြီး နိုင်ငံကို ပြန်လည်တည် ဆောက်ကြရမယ်။ ပြည်တွင်းစစ်ကို အမြစ်ပြတ်အောင်၊ ငြိမ်းအောင်မလုပ်နိုင်ရင် ပိုပြီးအကျပ်အတည်းတွေ့ကာ Failed State ထဲကို ကျရောက်သွားနိုင်ကြောင့် ဆွေးနွေးခဲ့ပါတယ်။ " ဟု ၄င်းကပြောကြားသည်။

ထိုဆွေးနွေးပွဲကို နိုင်ငံရေးအကျဉ်သားဟောင်းများဖြစ်သည့် ဦးဦးလှစော၊ ဦးတင်မောင်နှင့် မသီတာ(စမ်းချောင်း) တို့က အဓိက ဦးဆောင်ဆွေးနွေးခဲ့ကြကာ ရခိုင်အမျိုးသားပါတီဝင် နိုင်ငံရေးအကျဉ်းသားဟောင် ကိုခိုင်ကျော်မိုးမှ ကူညီဆောင်ရွက်ပေးခဲ့သည်။

"Failed State" တစ်ခု၏ လက္ခဏတွေက ဘာတွေလဲဆိုတာကိုတော့ ဦးတင်မောင်နဲ့မသီတာတို့ ဆွေးနွေးခဲ့ကြပါတယ်။အချက်အလက်တွေနဲ့ပေါ့။Failed State တစ်ခုမှာ အချက် ၁၂ ချက်ရှိတယ်။ အချက် ၁၂ ချက်ထဲက ဘာတွေနဲ့ငြိနေပြီလဲ။ အဲဒါကြောင့် ဘာအခက်အခဲ အကျပ်အတည်းဖြစ်နေပြီလဲ။ ဘာတွေ ပြုပြင်ဖို့လိုသလဲဆိုတာတွေကို ဆွေးနွေးကြပါတယ်။ ပြည်တွင်းစစ်ရပ်စဲပြီး အချင်းချင်းနိုင်ငံရေးဆွေးနွေကာ ဖယ်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးကို ဦးတည်သင့်ပါတယ်။ မဟုတ်ရင်တော့ မြန်မာနိုင်ငံမှာ တစ်ယောက်နဲ့ တစ်ယောက်ယုံကြည်မှုတွေ ပျက်ပြားလာမှာပါ။ အဖက်ဖက်က ယိုးယွင်းလာပြီး တိုင်းပြည်ဟာ Failed State ဖြစ်သွားမှာပါ။ " ဟု သူကဆက်ဆိုသည်။

ထိုဆွေးနွေးပွဲတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေးအတွက် အစာငတ်ခံလမ်းလျှောက် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည့် ရခိုင်လူမျိုး ဆရာတော်ဦး ရက္ခ၀ံသ (ခ) ဦးမောင်လှဖြူအား နိုင်ငံရေးအကျဉ်သားဟောင်းများအဖွဲ့မှ "စွမ်းဆောင်ရည်ဆု" ပေးအပ်ချီးမြှင့်ခဲ့ကြောင့်လည်း သိရသည်။

Author: ကောင်းကောင်း