(ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်အဖွဲ့မှ မြန်မာဘက်သို့ ခိုလှုံလာကြသည့် မြို့နှင့် ရခိုင်လူမျိုးများတွေ့ဆုံ စစ်ဆေးမေးမြန်းနေစဉ်။ ဓါတ်ပုံ - ချလူးအောင်)

သြဂုတ်လ ၄ ရက်၊ ၂၀၁၈ ခုနှစ်၊ ချလူးအောင်/DMG

ဘင်္ဂါလီအကြမ်းဖက်ရန်ကြောင့် မြန်မာနိုင်ငံသို့ ထွက်ပြေး ခိုလှုံလာကြသည့် ရခိုင်နှင့် မြိုလူမျိုးများကို ဘင်္ဂလားဒေ့ရှ်အစိုးရမှ ပြန်လည်ခေါ်သွားမည်ဖြစ်ပြီး ယင်းသို့ ပြန်လညခေါ်နိုင်ယူနိုင်ရန်လည်း နှစ်နိုင်ငံ တာဝန်ရှိသူများ မောင်တောမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကောင်စစ်ဝန်ဖြစ်သည့် မစ္မတာ မိုဟာမက် ရှာအလွင်ခိုကွင် ဦးဆောင်အဖွဲ့နှင့် မြန်မာဘက်က တာဝန်ရှိသူတို့ သြဂုတ်လ ၂ နှင့် ၃ ရက်နေ့က မောင်တောမြို့ သိရိမင်္ဂလာခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရခိုင်နှင့် မြိုလူမျိုးတို့၏ မိသားစုဝင်များကို တစ်ဦးချင်းတွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြသည်။

နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံပြီးနောက် မောင်တောမြို့နယ် မြောက်ပိုင်းတွင် ယာယီခိုလှုံနေကြသည့် ရခိုင်နှင့် မြိုလူမျိုးတို့၏ ကိုင်ဆောင်ထားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကဒ်ပြားနှင့် မြို့/ရွာ နေရပ်လိပ်စာတို့ကို စိစစ်မှုများ ပြုလုပ်ကာ မှတ်တမ်းများ ရယူခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ လမားမြို့နယ် ရခွေးသာကျေးရွာတွင် နေထိုင်ခဲ့သည့် ဦးချစ်အောင်က “ ကျနော်တို့ မြန်မာဘက်ကို လာရတာက ဘင်္ဂါလီကုလားရန်ကို ကြောက်လို့ပါ။ ဗုဒ္ဓဘာသာဝင်တွေကို နှိပ်စက်အနိုင်ကျင့်တယ်။ လယ်ယာမြေတွေကို အဓမ္မသိမ်းယူတယ်။ အခု သူတို့ပြန်ခေါ်လို့ ပြန်သွားရင်လည်း ကျနော်တို့ နှိပ်စက်ခံရမှာပဲ။ ပြန်သွားဖို့ အခက်အခဲရှိပါတယ်။ မြန်မာဘက်က ဘင်္ဂလာသို့ ပြန်ပို့ရင် ကျနော်တို့ အသက်က လုံခြုံမှု ရှိမှာမဟုတ်ဘူး။ ” ဟု ပြောသည်။

အသက်အာမခံချက် မရှိဖို့အတူတူ ရခိုင်ပြည်နယ်ထဲမှာပဲ ဆင်းရဲဒုက္ခခံကာ နေထိုင်သွားမည်ဟု ဦးချစ်အောင်က ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရင်ကာမတီမြို့ အလယ်စုကျေးရွာတွင် နေထိုင်ခဲ့သည့် ဦးမောင်ရွှေအောင်က “ ဘင်္ဂလာကောင်စစ်ဝန်က ခင်ဗျားတို့ ဘာကြောင့် ထွက်ပြေးသွားတာလဲ မေးတယ်။ ကျနော့် ညီမလေးတစ်ယောက် အသက် ၂၂ နှစ်ကို မင်းတို့ လူမျိုးတွေ သတ်ဖြတ်လိုက်တယ်။ ဒါ့ကြောင့် ထွက်ပြေးလာတာပါလို့ ပြန်ဖြေလိုက်တယ်။ မြန်မာအစိုးရခေါ်လို့ လာတာ မဟုတ်ဘူး။ ကိုယ့်သဘောနဲ့ ကိုယ်လာတာဖြစ်တယ်။ ” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြန်ခေါ်မည့် ရခိုင်နှင့် မြိုလူမျိုးများအတွက် နေစရာနှင့် အိမ်ပြန်လည်တည်ဆောက် ပေးမည်ဖြစ်ပြီး အခြားသော လိုအပ်ချက်များကိုလည်း ကူညီဖြေရှင်းပေးမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မြန်မာဘက်သို့ ထွက်ပြေးခိုလှုံလာကြသည့် ရခိုင်တိုင်းရင်းသားဝင်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တောတောင်ထဲ၌ နေထိုင်ကြသည့်အတွက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ ရန်သည် အချိန်မရွေးကျရောက်လာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်အဖွဲ့ကို တင်ပြခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးအား DMG မှ မေးမြန်းရာ ယခု ကောက်ယူထားသည့် မှတ်တမ်းများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရထံ တင်ပြပြီး ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ခဲ့ခြင်း မှန်ကန်ပါက ၄င်းတို့ သဘောဆန္ဒအတိုင်း ခေါ်ယူမှုများ ပြုလုပ်မည်ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာဘက်သို့ ခိုလှုံလာကြသည့် ရခိုင်တိုင်းရင်းသားများ မျိုးနွယ်စုဝင်များမှာ လူဦးရေ ၅၀၀ ထက်မက ရှိနေပြီး မြန်မာလဝက ဌာနမှ ၄င်းတို့ကို Immigration Permit ကဒ်များ ထုတ်ပေးထားကာ EID မှတ်တမ်းများ ရယူထားကြောင်း သိရသည်။

အဆိုပါ ရခိုင်တိုင်းရင်းသားဝင်များမှာ မောင်တောမြို့နယ်၏ သစ်တုံးနားခွဆုံမင်္ဂလာညွှန်နန်ရာကိုင်သုပဏ္ဏကအောင်ပြေမီးတိုက်လောင်းဒုံနံသာတောင်မြ၀တီရေမြိုင်နှင့် မင်းခမောက် စသည့်ကျေးရွာများတွင် နေထိုင်လျှက်ရှိကြောင်း သိရသည်။

Author: ချလူးအောင်