မြန်မာ - ဘင်္ဂလားဒေ့ရှ် အလံတင်အခမ်းအနားပြုလုပ်ပြီး ဘင်္ဂလီလက်ခံရေးကိစ္စအားဆွေးနွေး
- Details
- ချလူးအောင်
- Hits: 946
- မောင်တော

ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၁၈ ခုနှစ်။ ။ မြန်မာ-ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်ဖွဲ့ တပ်ရင်းမှူးအဆင့် အလံတင်အခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်က ဘင်္ဂလားဒေရှ့်နိုင်ငံဘက်မှ BGB 34 တပ်ရင်းမှူးကြီး Monzural Hassan Khan ဦးဆောင်သည့်အဖွဲ့နှင့် မြန်မာဖက်မှ နယ်မြေ (၃) တပ်ရင်းမှူးကြီး ဒုရဲမှူးကြီး စောဇေယျာလင်း ဦးဆောင်သည့်အဖွဲ့တို့ အလံတင်အခမ်းအနားပြုလုပ်ပြီး နှစ်နိုင်ငံအခြေအနေအရပ်ရပ်ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းသို့ တွေ့ဆုံဆွေးနွေးကြရာတွင် မြန်မာဘက်မှ ဇန်နဝါရီလ ၂၃ ရက်နေ့က စတင်ပြီး ဘင်္ဂါလီများအား လက်ခံမည့်စင်တာများမှာ အဆင်အသင့်ဖြစ်နေမှုများအား ဆွေးနွေးခဲ့ပြီး လက်ခံရန် အဆင်အသင့်ဖြစ်နေသည့် အနေအထားများအား လိုက်လံပြသခဲ့ကြောင်းသိရသည်။
ဘင်္ဂလားဒေရှ့်ဘက်ကလည်း မြန်မာသို့ ပြန်လည်ပို့ဆောင်မည့် ဘင်္ဂါလီများ၏အမည်စားရင်းများအား ကောက်ခံ လျက်ရှိကာ အဆင်အသင့်ဖြစ်ပါက အထက်ကပေးအပ်သည့် အမိန့်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။




