စိုးအောင်|DMG
ဇူလိုင် ၂၄ ၊ မြောက်ဦး
မြောက်ဦးမြို့နယ်၊ တောင်မြင့်ကျေးရွာမှ သေနတ်ဒဏ်ရာရှိသည့် လူငယ်မှာ မြောက်ဦးဆေးရုံး၌ သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။
အဆိုပါလူငယ်မှာ ဇူလိုင်လ ၂၃ ရက်နေ့က မိသားစုဝင်များနှင့်အတူ တိမ်ညိုကျေးရွာသို့ မျိုးစပါးပို့ရန် စက်လှေဖြင့်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဦးခေါင်းတွင် ကျည်ထိမှန်ကာ တိမ်ညိုဆေးရုံမှ တဆင့် မြောက်ဦးဆေးရုံသို့ ပို့ဆောင်ပြီး ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသွားခြင်းဖြစ်သည်။
“ဒီနေ့ ၉ နာရီမှာ သေတာပါ။ဆရာဝန်က ပြောတယ် လူနာအခြေအနေစိုးရိမ်ရတာကြောင့် စစ်တွေဆေးရုံသို့ သွားရင်ပိုကောင်းတယ်။လူနာကို အရေးပေါ်ကားပေါ်တင်နေတုန်း သေဆုံးသွားတယ်။မသေဆုံးမီအချိန်မှာလည်း သတိတစ်ချက်မှမရသွားဘူး” လို့ လိုက်ပါကူညီနေသူ ကိုစံဝေကပြောသည်။
ဆေသုံးသူ ကိုမောင်ကြီး(ခ)ဘိုသန်းထွန်း၏ ရုပ်အလောင်းကို ဇူလိုင်လ ၂၅ ရက်နေ့တွင် မြောက်ဦးသုဿန်၌ သဂြိ င်္ုဟ်သွားမည်ဖြစ်ကြောင်းလည်း ၄င်းကပြောသည်။
သေဆုံးသူမှာ ၄င်း၏အစ်မ၊ ညီ၊ယောက်ဖတို့နှင့်အတူ မျိုးစပါးပို့ရန် တိမ်ညိုကျေးရွာသို့ စက်လှေဖြင့်လာစဉ် တိမ်ညိုကျေးရွာအနီး ထောက်ပို့ဒိုင်ကွင်းရှေ့အရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မိသားစုဝင်များကပြောဆိုသည်။




