- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
မင်းပြားမြို့နယ်တွင် နေအိမ်(၁၁)ဆောင်မီးလောင်ပြီး လူနှစ်ဦးသေဆုံး
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာတွင် မတ်လ (၂၉)ရက်နေ့၊ ညနေ (၁၀)နာရီခန့်က နေအိမ်(၁၁)ဆောင် မီးလောင်ကျွမ်းသွားပြီး ရွာသား (၂)ဦးသေဆုံးသွားသည်ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က ပြောသည်။
30 Mar 2020
နှင်းနွယ် | DMG
မတ်လ ၃၀ ၊ မင်းပြား
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာတွင် မတ်လ (၂၉)ရက်နေ့၊ ညနေ (၁၀)နာရီခန့်က နေအိမ်(၁၁)ဆောင် မီးလောင်ကျွမ်းသွားပြီး ရွာသား (၂)ဦးသေဆုံးသွားသည်ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က ပြောသည်။
ရာမောင်တံတားအနီးတွင်ရှိနေသည့် တပ်မတော်သား(၂၀)ခန့်သည် ဖားပြိကျေးရွာထဲသို့ သေနတ်များပစ်ဖောက်ဝင်ရောက်လာသည်။ ယင်းနောက် နေအိမ်များကို မီးရှို့မှုများပေါ်ပေါက်ခဲ့ခြင်းဖြစ်ကာ လူနှစ်ဦးမှာ မည်သည့်အကြောင်းအရင်းကြောင့် သေဆုံးသွားသည်ကို မသိရှိသေးဟု ဦးလှအောင်ညွှန့်က ပြောသည်။
“ သေနတ်ပစ်ခတ်သံတွေ အများကြီးကြားရတယ်။ အိမ်တွေကို မီးရှို့တယ်။ ရွာသားတွေလည်း ထွက်ပြေးကြတယ်။ တချို့တလေက မပြေးနိုင်ဘဲကျန်ခဲ့ကြတယ်။ သေသွားတဲ့ နှစ်ယောက်ကလည်း မီးလောင်ပြီး သေသွားတာလား။ ကျည်ထိပြီးသေသွားတာလား ဆိုတာတော့ အတည်မပြုနိုင်ကြသေးဘူး” ဟု ၎င်းကဆိုသည်။
ယခုကဲ့သို့ကျေးရွာအတွင်းရှိ နေအိမ်များမီးရှို့ခံရသည့်အတွက် ဒေသခံများမှာ အနီးအနားကျေးရွာများဖြစ်သည့် အမ်းသားရွာနှင့် သေကံကျေးရွာများကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဖားပြိုကျေးရွာမှ ဦးလှနုက ပြောသည်။
“အခုလိုမျိုး နေအိမ်တွေ မီးရှို့ခံရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ ကျနော်တို့အနေနဲ့ နောက်ထပ်စိုးရိမ်တာကတော့ သူတို့တွေက နောက်ထပ်ရွာထဲကို လာပြီးတော့ အိမ်တွေကို မီးရှို့မှာကိုကြောက်တယ်။ အခုဆိုရင် ရွာသားနှစ်ဦးလည်း သေသွားတယ်။ နောက်ထပ်လူတွေ ထိခိုက်လာမှာကိုလည်း စိုးရိမ်မိတယ်”ဟု ၎င်းကပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်တုန့်ပြန်ချက်ရရှိရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း တို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ဖားပြိုကျေးရွာမှ သေဆုံးသူများမှာ ဦးအောင်ထွန်းသာ (၅၀ နှစ်)နှင့် အသက် ၇၀ အရွယ်အမျိုးသမီးကြီး တစ်ဦး တို့ဖြစ်သည်။ ယခင်လပိုင်းခန့်က ယင်းကျေးရွာအနီးတို့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)ကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြသည်။
ဆက်စပ်သတင်းများ -