- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
မောင်တောခရိုင်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူ ၃၀ ခန့်အား အရေးယူ
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်သို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ ၂၉ ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃(၁) ၊ ၁၃(၅)တို့ဖြင့် အရေးယူထားကြောင်း မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းက DMG သို့ ပြောသည်။
30 Jun 2020
ကျော်မျိုးအောင် | DMG
ဇွန် ၃၀ ၊ မောင်တော
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်သို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ ၂၉ ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃(၁) ၊ ၁၃(၅)တို့ဖြင့် အရေးယူထားကြောင်း မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းက DMG သို့ ပြောသည်။
“ခိုးဝင်ခိုးထွက် ပုဒ်မ ၁၃(၁)နဲ့ အမှုဖွင့်လှစ်ထားတာရှိသလို အားပေးကူညီမှု ပုဒ်မ ၁၃(၅)နဲ့ အမှုဖွင့်ထားတာပေါ့။ အခုက ဒီခရိုင်တစ်ခုလုံးမှာ ပထမအသုတ်အနေနဲ့ဖြစ်တယ်” ဟု ၎င်းကရှင်းပြသည်။
ထိုသို့ အမှုဖွင့်လှစ်ခံထားသူများမှာ မောင်တောမြို့နယ်မှ ၁၉ ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ ၁၀ တို့ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
COVID-19 ကာလအတွင်း တစ်ဘက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမှုကို အစိုးရက ပိတ်ပင်ထားသော်လည်း တရားမဝင် ဝင်ရောက်လာသူ ၉၀ ဦးခန့်ရှိနေပြီဖြစ်ကြောင်း မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
မောင်တောခရိုင်၌ တရားမဝင် ဝင်ရောက်သူများထဲတွင် COVID-19 ရောဂါပိုးတွေ့လူနာ ၉ ဦး အထိ ရှိနေပြီဖြစ်သည်။