- နောင်ချိုက ထိန်းချုပ်နယ်မြေအချို့ TNLA ထပ်မံ လက်လွှတ်နေရ
- အကျပ်အတည်းများကြောင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မွတ်ဆလင်အချို့ ရခိုင်သို့ ဝင်ရောက်မှုရှိနေ
- UWSA ဒေသတွင် မြေရှားသတ္တုတူးဖော်မှု သံလွင်နှင့် မဲခေါင်မြစ်ဝှမ်းအထိ ဆိုးကျိုးသက်ရောက်နိုင်
- နွေဦးတော်လှန်ရေး ဦးဆောင်မှုကဏ္ဍတွင် အမျိုးသမီးပါဝင်ခွင့် အားနည်းနေသေး
- မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းကြောင့် လုံခြုံရေးအန္တရာယ်သစ် ပေါ်လာမည့်အလားလာရှိဟု ဘင်္ဂလားဒေ့ရှ်က ကုလတွင် သတိပေး
ရသေ့တောင်တွင် လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် မိသားစုသုံးဦးဒဏ်ရာရ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာထဲသို့ ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့၊ နေ့လယ် ၂ နာရီကျော်ခန့်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင်သုံးဦး ဒဏ်ရာရရှိသွားသည်ဟု ရွာကျောင်းထိုင်ဆရာတော်က DMG သို့မိန့်သည်။
01 Feb 2020
မြတ်ဆွေ | DMG
ဖေဖော်ဝါရီ ၂၊ ရသေ့တောင်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာထဲသို့ ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့၊ နေ့လယ် ၂ နာရီကျော်ခန့်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင်သုံးဦး ဒဏ်ရာရရှိသွားသည်ဟု ရွာကျောင်းထိုင်ဆရာတော်က DMG သို့မိန့်သည်။
ဒဏ်ရာရရှိသူများမှာ မိခင်ဖြစ်သူ ဒေါ်မဲခိုင် (၄၇)နှစ်၊ သားလတ် ဇော်သန်းဝင်း (၁၇)နှစ် နှင့် သားငယ် ကိုဇော်ခိုင် (၁၃)နှစ် တို့ဖြစ်သည်။
“မိခင်ကနေအိမ်မှာ မုန့်တီရောင်းနေတာဖြစ်တယ်။ သားနှစ်ယောက်ကတော့ အိမ်နားမှာဆော့နေကြတာဖြစ်တယ်။ အဲဒီအချိန်မှာ လက်နက်ကြီးကျလာတာဖြစ်တယ်။ ကံကောင်းသွားလို့ အဲဒီနားမှာ ဝယ်စားသုံးသူမရှိဘူး” ဟု ဆရာတော်က မိန့်သည်။
လက်နက်ကြီးကျည်ကြောင့် မိခင်ဖြစ်သူမှာ မျက်နှာတွင် ဒဏ်ရာရရှိသွားပြီး သားလတ်မှာ ခြေထောက်နှစ်ဖက်တွင် ဒဏ်ရာပြင်းထန်စွာရရှိသွားသည်။ သားငယ်မှာလည်း နဖူးတွင် ကျည်စထိမှန်သွားသည်။ ၎င်းတို့ကို ညနေ (၃) နာရီခန့်တွင် ရသေ့တောင်ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု ဆရာတော်က ဆက်လက်မိန့်သည်။
“သားလတ်မှာတော့ ခြေထောက်နှစ်ဖက်စလုံးမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်။ သွေးတွေလည်း အဆက်မပြတ်ထွက်တယ် ”ဟု ဆရာတော်ကမိန့်သည်။
တပ်မတော်စစ်ကြောင်းတစ်ခုသည် ညောင်ပင်လှကျေးရွာ ဆိပ်ကမ်းသို့ဆင်းစဉ် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ယမ်းသမ်းပစ်ခတ်သဖြင့် အရပ်သားများထိခိုက်ဒဏ်ရာရရှိခြင်းဟု ၎င်းကဆက်လက်မိန့်ကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်ရာတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကိုအတည်ပြုပြီး အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခြင်းကို မသိရှိသေးဟု ပြောသည်။