- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
- စစ်တကောင်းဆိပ်ကမ်းနှင့် ရခိုင်စာနာမှုစင်္ကြံကိစ္စ ဘင်္ဂလားဒေ့ရှ်မှာ ကန့်ကွက်ဆန္ဒပြ
- မြန်မာနယ်စပ်အနီးထိ ရောက်မည့် မီဇိုရမ် ရထားလမ်းသစ်အတွက် ကွင်းဆင်းလေ့လာမှု ပြီးစီး
မင်းပြားတိုက်ပွဲကြောင့် ရွာ(၅)ရွာမှ ဒေသခံများ ထွက်ပြေးနေရ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာအနီးတွင် ယနေ့မတ်လ (၂၆) ရက်နေ့၊ နံနက်ပိုင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးအနားရှိ ကျေးရွာ(၅)ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံက သိရသည်။
26 Mar 2020
နှင်းနွယ် | DMG
မတ်လ ၂၆၊ မင်းပြား
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာအနီးတွင် ယနေ့မတ်လ (၂၆) ရက်နေ့၊ နံနက်ပိုင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးအနားရှိ ကျေးရွာ(၅)ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ နံနက်ပိုင်း (၈)နာရီခွဲခန့်က မင်းပြားမြို့နယ်ရှိ စိတ္တရကျေးရွာ၊ တောင်ပုတ်ကေကျေးရွာ၊ လက်ခုပ်ကျေးရွာ၊ မြင်းတင်မကျေးရွာနှင့် ဖုန်သာချောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံများမှာ ကြောက်လန့်၍ ထွက်ပြေးကြခြင်းဖြစ်သည်ဟု စိတ္တရကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။့
“ကျနော်တို့တွေအနေနဲ့ စိုးရိမ်ရတာကတော့ အခုဆိုရင် အနယ်နယ်အရပ်ရပ်မှာရော၊ သတင်းတွေမှာရောကြားနေရတယ်။ တိုက်ပွဲက တောထဲမှာဖြစ်တယ်။ ရွာထဲဝင်ပြီးတော့ နေအိမ်တွေကို မီးတိုက်တယ်။ နောက်ပြီးတော့ ရွာထဲကလူတွေကို ခေါ်ပြီးတော့စုထားတယ်။ ပြီးတော့ နှိပ်စက်တယ်။ အိမ်တွေကိုဝင်ပြီးတော့ ပစ္စည်းတွေကို ယူသွားတာတွေရှိတယ်။ အဲဒီလိုမျိုးတွေ လုပ်လာမှာကို စိုးရိမ်နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများသည် ဒုံးသားကျေးရွာနှင့် အသေကန်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်သည်။
မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က “မနက်က ပစ်ခတ်သံတွေကြားတယ်။ နောက်တော့ တောင်ပုတ်ကေကျေးရွာ အနီးအနားမှာ တိုက်ပွဲဖြစ်တယ်လို့ ပြောတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် တစ်သိန်းနှစ်သောင်းကျော်အထိ ရှိလာကာ စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေကြသည်။