ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် တပ်မတော်ရေယာဉ်မှပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရှစ်နှစ်အရွယ်ကလေးငယ်တစ်ဦး လည်ပင်းတွင် ကျည်စထိမှန်ခဲ့ကြောင်း မိသားစုဝင်များနှင့် ကျေးရွာသားများထံမှသိရသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စံညှင်းဝေအုပ်စုရှိ ပြင်ရှည်(မွတ်ဆလင်)ကျေးရွာနှင့် တစ်မိုင်ကျော် အကွာတွင် အောက်တိုဘာ ၅ ရက် ညနေပိုင်းက တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကျေးရွာသား များထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်စစ်ရေးလှုပ်ရှားမှုများအပေါ် ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသား နှစ်ဦးကို (အောက်တိုဘာ ၆ ရက်)တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် တရားရုံးက နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် ထောက်ဒဏ်(၁)နှစ် ထပ်တိုးချမှတ်လိုက်ကြောင်း ဗကသများအဖွဲ့ချုပ်ထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ၊ တောကန်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ရဲစခန်းသို့လွှဲပြောင်းထားပြီးနောက် အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီကျော်အချိန်ခန့်တွင် တပ်မတော်မှပြန်လည်ခေါ်ဆောင်သွား ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသား သုံးဦးအား အောက်တိုဘာ ၆ ရက်နေ့တွင် ပထမအကြိမ်အဖြစ် စစ်တွေမြို့နယ်တရားရုံးသို့ ရုံးထုတ် ခဲ့သော်လည်း စစ်ဆေးမှုမရှိခဲ့ကြောင်း ကျောင်းသားများထံမှ သိရသည်။