ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်သို့ အထောက်အထားမပါဘဲ ရောက်ရှိလာသည့် မွတ်ဆလင် ၉၉ ဦးကို ရခိုင်ပြည်နယ်သို့ ရေလမ်းကြောင်းဖြင့် ပြန်လည်ပို့ပေးရန် စီစဉ်နေကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌအပါအဝင်လေးဦး၏အမှုကို လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ထဲမှ သန္တာကျောက်တန်းတွေ့ရှိခဲ့သည့် ပြင်ကောက်ကျေးရွာကို လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT) ကျေးရွာအဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် အစိုးရနှင့် ICRC တို့ပူးပေါင်းပြီး မိုင်းအန္တရာယ် အသိပညာပေးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း လေးထောင့်သုံးရာဦးကို ယခုလနောက်ဆုံးအပတ်ဖြစ်သော ဇန်နဝါရီ ၂၇ ရက်နေ့တွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနိုင်ရန်စီစဉ်နေကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။