တပ်မတော်စစ်ကြောင်းတခုမှဖမ်းဆီးခေါ်ဆောင်သွားသည့် ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာသား တစ်ဦးမှာ စက်တင်ဘာ ၂၉ ရက်က ကျောက်တော်မြို့မရဲစခန်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ပုံစံက လက်နောက်ပြန်ကြိုးတုပ်ထားတဲ့ အနေအထားပေါ့။ အလောင်းနှစ်လောင်းမှာ လက်နောက်ပြန် ချည်ထားတဲ့ကြိုးက ပုံစံတစ်မျိုးတည်းဖြစ်နေတယ်။ ကြိုးအရောင်လည်း တစ်မျိုးတည်း၊ အဲဒီအလောင်း နှစ်လောင်းကတော့ ဆက်စပ်မှုရှိနိုင်တယ်လို့ သုံးသပ်မိတယ်” ဟု အမ်းဒေသခံတစ်ဦးဖြစ်သည့် ကိုမျိုးလွင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်များအတွက် ဘင်္ဂလားဒေရှ့်ဒုက္ခသည်စခန်းရှ် မွတ်ဆလင် ကျောင်းသားများမှ ငွေကျပ် ၅ သိန်းအား လှူဒါန်းခဲ့ကြောင်း သိရသည်။

တပ်မတော်ကဖမ်းဆီးထားသည့် ပလက်ဝဒေသခံနှစ်ဦးအား စစ်ဆေးမေးမြန်းချက်များအရ ရက္ခိုင့်တပ်တော် (AA)နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)(ခ) ဖြင့် အမှုဖွင့်ထားကြောင်း ပလက်ဝမြို့မရဲစခန်းမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် အစိုးရထံမှ လစဉ်ထောက်ပံ့နေသည့် ဆန်ရိက္ခာများ မရောက်ရှိသဖြင့် အခက်ကြုံတွေ့နေကြရကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။