ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၌ တပ်မတော်ထံဖမ်းဆီးခံရပြီး သေဆုံသွားသူ(သုံးဘီးဆိုင်ကယ် မောင်းနှင်သူ) ဦးအေးကျော်သည် သေနတ်ကိုလုယူ၍ မိမိကိုယ်ကိုပစ်ခတ်ခဲ့ခြင်းဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နိုင်ငံတော်က အကြမ်းဖက်အဖြစ်ကြေငြာထားသော အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေ များ၌ အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက်နေ့တွင် တပ်မတော်က ထုတ်ပြန်လိုက်သည်။

နိုင်ငံပိုင်ရုပ်မြင်သံကြား (MRTV)နှင့် သတင်းစာများမှတဆင့် ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံး မိန့်ခွန်းပြောသည့် အစီအစဉ်တွင် ရခိုင်ဦးဆောင်ပါတီ(AFP)အနေဖြင့် ပါဝင်တော့မည်မဟုတ်ကြောင်း ယင်းပါတီမှ တာဝန်ရှိသူများက ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာသားတစ်ဦးအား ယမန်နေ့(စက်တင်ဘာ ၂၇ ရက်) က တပ်မတော်စစ်ကြောင်းတစ်ခုမှ ကျေးရွာအတွင်းသို့ဝင်ရောက်ကာ ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက ပြောသည်။

ဗကသများဗဟိုဌာနချုပ်ရုံး(ယာယီ)တည်ရှိရာ ပခုက္ကူတက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးအတွင်းသို့ စက်တင်ဘာ၂၇ ရက်နေ့ ညနေပိုင်းအချိန်က ရဲအင်အားအလုံးအရင်းဖြင့်ဝင်ရောက်ကာ ကျောင်းသားများအား ဖမ်းဆီးသွားခဲ့ကြောင်း ဗကသအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားသည်။