အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ ယုံကြည်မှုတည်ဆောက်ရန် အရေးကြီး သော်လည်း တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် လက်နက်ကိုင်ပြီး ဆွေးနွေးနေသရွေ့ ယုံကြည်မှု တည်ဆောက်ရန်အတွက် မဖြစ်နိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လမ္မတော်တောင်ရပ်ကွက်တွင် စိုက်ထူထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD)၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အောင်နိုင်ရေးဆိုင်းဘုတ် ၁ ခု ဖျက်ဆီးခံရလိုက်ရကြောင်း သိရသည်။

သတင်းမီဒီယာလုပ်ငန်းများဖြစ်သည့် ပုဂ္ဂလိကသတင်းစာတိုက်များ၊ အွန်လိုင်းသတင်းဌာနများနှင့် ရုပ်သံ သတင်းမီဒီယာများမှာ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၀၊ စက်တင်ဘာ ၂၀ ရက်နေ့ထုတ်ပြန်ချက်အရ Stay at home တွင်ပါဝင်နေမှုအပေါ် ဖြေလျှော့ပေးရန် Myanmar Journalist Network(MJN)က စက်တင်ဘာ ၂၇ ရက်တွင် အစိုးရအား တိုက်တွန်းခဲ့သည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဒေသခံတစ်ဦး ဖမ်းဆီးခံခဲ့ရပြီး တစ်ရက်အကြာတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့်ရုပ်အလောင်း ဆေးရုံသို့ရောက်ရှိလာကြောင်း မိသားစုဝင်များထံမှ သိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများသို့ တပ်မတော်ကဝင်ရောက်ကာဒေသခံများကို အကြောင်းမဲ့သက်သက်ဖမ်းဆီးခြင်းများမရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက (စက်တင်ဘာလ ၂၆ ရက်နေ့က)ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။