ရခိုင်ပြည်နယ်အတွင်းမှ သတင်းအချက်များသိရှိရန် ခက်ခဲနေသည့် မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများတွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ ရေဒီယိုများ ဖြန့်ဝေနေကြောင်းသိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာတွင် ယနေ့(စက်တင်ဘာလ ၂၃ ရက်) နံနက် ၉ နာရီကျော်က ဒေသခံ ၂၀ ဦးခန့်အား တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်၌ မဲဆန္ဒရှင်စာရင်းကို ဒုတိယအကြိမ်ကောက်ခံရာတွင် မဲပေးခွင့်ရှိသူဦးရေ ၄၀၀၀ နီးပါး တိုလာကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် Covid-19 ကူးစက်မှုမြင့်တက်လာနေသော်လည်း ရခိုင်ပြည်နယ်တွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ရှိနေသေးသဖြင့် ယနေ့(စက်တင်ဘာလ ၂၃ ရက်)နေ့တွင် ရသေ့တောင်မြို့နယ်မှ ဒေသခံ ထောင်ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ၏ ပြန်ကြားရေးတာဝန်ခံနှင့် ခိုက်ရန် ဖြစ်ပွားခဲ့ပြီးနောက် တာဝန်မှရပ်နားခံရသည့် ရမ်းသစ်ကြီးအုပ်စုအုပ်ချုပ်ရေးမှူးအား ပြန်လည်ခန့်အပ်ပေးရန် အတွက် ဒေသခံများက တောင်းဆိုထားကြောင်း သိရသည်။