ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တိုင်းရင်းသားဒေသများတွင် ပြင်းထန်စွာဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအရပ်ဘက်လူထုအဖွဲ့အစည်း(၄၃၁)ဖွဲ့မှ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီသို့ အိတ်ဖွင့်စာပေးပို့ခဲ့သည်။

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် သစ်ပုံကျေးရွာရဲစခန်းအနီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူသည့်အပေါ် ကျေးရွာသားအချို့က ကန့်ကွက်ခဲ့သဖြင့် ဆိုင်းဘုတ်အား ပြန်လည်ဖြုတ်ချခဲ့ရကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတသော လူ့ဘောင်သစ်ပေါ်ထွက်နိုင်ရန်အတွက် ရက္ခိုင့်ရှေ့နေများကောင်စီအား စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ယင်းကောင်စီမှ သိရသည်။

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်တွင် ၂၀၂၀ ခုနှစ် စက်တင်ဘာ ၁၇ ရက်နှင့် စက်တင်ဘာ ၂၀ ရက်တို့တွင် တရားမဝင်သစ်များနှင့် အတူပါရှိသူများကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

မဲဆွယ်စည်းရုံးရေး နှစ်ပတ်တာကာလအတွင်း ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နှင့် မြေပုံမြို့နယ်တို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ စိုက်ထူထားသည့် အောင်နိုင်ရေးဆိုင်းဘုတ် ၆ ခု ဖျက်ဆီးခံခဲ့ ရကြောင်း NLD ပါတီဝင်များနှင့် ဒေသခံများထံမှသိရသည်။