ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အရပ်သားထိခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား တိုင်ကြားနိုင်သည့် အထူးဌာများ ဖွင့်လှစ်ပေးရန် ကျောင်းသားသမဂ္ဂ ၁၆ ဖွဲ့မှ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဥက္ကဋ္ဌထံသို့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် အိတ်ဖွင့်စာ ပေးပို့တောင်းဆိုကြသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် လူပြည့်လျှံနေသည့်အတွက် စစ်ဘေး ဒုက္ခသည်များ ထပ်တိုးရောက်ရှိလာပါက လက်ခံထားရှိရန် နေရာအခက်အခဲရှိနေကြောင်း သိရသည်။

ကိုဗစ်ကာလတွင် ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်စခန်းအချို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဆေးဝါး ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်စခန်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ လင်းတိချောင်းအနီးမှ ဖမ်းဆီးရမိသည့် မွတ်ဆလင်လေးဦးအား တောင်ကုတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ထိန်းသိမ်းထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇ ဦးကို အောက်ဆီဂျင်ပေးထားရပြီး သံသယလူနာတစ်ဦး သေဆုံး သွားခဲ့ကြောင်း သက်ဆိုင်ရာ ဆရာဝန်ကြီးများထံမှသိရသည်။