ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အောင်သုခကျေးရွာမှ ရွာသားနှစ်ဦးမှာ မေယုတောင်ခြေသို့ ဝါးခုတ်သွားစဉ် အမည်မသိအဖွဲ့၏ ရိုက်နှက်မှုကိုခံရကာ ဒဏ်ရာများဖြင့် မောင်တောဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ သေလာဂီရိမောရပ္ပတ္တတောင်ပေါ်တွင် နေထိုင်ကျက်စားနေသည့် မျောက်များမှာ အစားအစာရရှိရေးအတွက် ဘုရားဖူးခရီးသည်များ လာရောက်မည်ကို စောင့်မျှော်နေကြသည်။

ရခိုင်ပြည်နယ်အတွင်းက အသက် ၉ နှစ်နှင့် ၁၀ နှစ်အရွယ်ရှိ အမျိုးသမီးငယ် သုံးသောင်းသုံးထောင် သုံးရာကျော်ကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးပေးရာတွင် ကိုဗစ်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် တစ်နေ့လျှင် အမျိုးသမီးငယ် ၅၀ ခန့်ကို သက်ဆိုင်ရာဆေးခန်းအလိုက် ထိုးပေး သွားမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခများကြောင့် အိုးအိမ်များကို စွန့်ခွာထွက်ပြေးနေကြရသည့် ဒေသခံပြည်သူများမှာ နေရပ်ပြန်နိုင်ရေးအတွက် အာမခံချက်ပေးရန် စစ်ဘေးရှောင်များက တောင်းဆိုကြသည်။

ရခိုင်ပြည်နယ်၏ တစ်ခုတည်းသောသကြားစက်ရုံဖြစ်သည့် ကျောက်တော်မြို့မှ သကြားစက်ရုံကို ပိတ်ထား သည်မှာ တစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီး စက်ရုံအလုပ်သမား ၁၀၀ ကျော်မှာ အလုပ်အခက်အခဲ ဖြစ်ပေါ်နေ ကြကြောင်း ပြောသည်။