ငါးဖမ်းရာသီပြန်စချိန်ရောက်လာပြီဖြစ်သော်လည်း ကိုဗစ်ကာလဖြစ်သည့်အတွက် ငပလီမြို့မှ ကမ်းနီးငါးဖမ်း လုပ်ငန်းရှင်များမှာ လုပ်ငန်းပြန်လည်စတင်ရန်အတွက် အခက်အခဲကြုံတွေ့နေကြရကြောင်း ငါးဖမ်း လုပ်ငန်းရှင်များထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှစစ်ဘေးရှောင်များအား ဂျပန်အစိုးရမှ အကူအညီများပေးရန် ဂျပန်ရောက် မြန်မာ တိုင်းရင်းသားများက ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့က တောင်းဆိုခဲ့ကြကြောင်းသိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့အနီးတွင် မျှစ်ချိုးရန်သွားသည့် အမျိုးသမီးငါးဦး ယနေ့(စက်တင်ဘာလ ၁၈ ရက်) နံနက်ပိုင်းက မိုင်းထိမှန်ပြီး တစ်ဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်းမှ ယခုလစက်တင်ဘာလ ၁၅ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ (၃၉၃)ဦးရှိပြီး သေဆုံးသူ တစ်ဦးရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည့် တပ်မတော် သား ၃ ဦးကို ဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူနိုင်ရေးနှင့် ကျန်တာဝန်ရှိသူများအားလည်း စစ်စည်းကမ်းအရ အရေးယူနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ စက်တင်ဘာလ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။