တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ (၆)လတာကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၄၄၆ မှုအထိရှိခဲ့ကြောင်း စောင့်ကြည့်လေ့လာနေကြသောအဖွဲ့အစည်း ၁၃ ဖွဲ့မှ ထုတ်ပြန်ချက်အရသိရသည်။

ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ ပြန်ကြားရေးတာဝန်ခံ ဦးသန့်ဇော်နှင့် ခိုက်ရန်ဖြစ်ပွား ခဲ့သည့် ရမ်းသစ်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မြင့်အား ပြည်နယ်အစိုးရအဖွဲ့၏ညွှန်ကြားချက်ဖြင့် တာဝန်ရပ်ဆိုင်းလိုက်ကြောင်း ကာယကံရှင်ထံမှ သိရသည်။

ကိုဗစ်ကာလအတွင်း သတ်မှတ်ထားသည့်စည်းကမ်းများနှင့် ညမထွက်ရအမိန့်(၁၄၄)ကို ဖောက်ဖျက်ကျူးလွန် ခဲ့သည်ဟုဆိုကာ ချင်းပြည်နယ်၊ စစ်ဘေးရှောင်များအပါအဝင် ပလက်ဝဒေသခံ (၄၁)ဦးကို ဒေသန္တရအမိန့် လိုက်နာရန်ပျက်ကွက်မှုဖြင့် အရေးယူရန်စီစဉ်နေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား ကန့်ကွက်ဆန္ဒဖော်ထုတ်မှုများကြောင့် ကျောင်းသား ၂၀ ဦးခန့်မှာ အမှုဖွင့်အရေးယူခံထားရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ လမုတပင်ကျေးရွာတွင် ယနေ့(စက်တင်ဘာလ ၁၆ ရက်)တွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။