ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ ကွမ်းယာဆိုင်ရှေ့တွင် မပေါက်ကွဲသေးသည့် ဗုံးသီးနှစ်လုံးအား ချိတ်ဆွဲထားသဖြင့် ဒေသခံများမှာ စိုးရိမ်နေရကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ဆန္ဒဖော်ထုတ်ခဲ့သည့်ကျောင်းသားသုံးဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်ချုပ်ရမန်ယူထားသည့်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ရခိုင်မှ ရှေ့နေအဖွဲ့အစည်း ၄ ဖွဲ့က စက်တင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ (First time voters)ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ ၂ သိန်းကျော်ခန့်ရှိကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဂုတ်ပီထောင့်ကျေးရွာအတွင်းသို့ ယနေ့(စက်တင်ဘာလ ၁၃ ရက်နေ့)၊ နံနက်ပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ မွတ်ဆလင်နှစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် မအီမြို့ဈေးကြီးအနီးတွင် ထောင်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD)မှ လွှတ်တော်ကိုယ်စားလှယ်လောင်း အောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ်တစ်ခု ဖျက်ဆီးခံရကြောင်း သိရသည်။