ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့တွင် စက်တင်ဘာလ ၃ ရက်နေ့က မီးရှို့ခံရမှုကြောင့် နေအိမ် ၁၇၉ ဆောင် မီးလောင်ပျက်စီးသွားခဲ့ပြီး လူဦးရေ ၁၅၀၀ ကျော်မှာ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရကြောင်း ဒေသခံများထံမှသိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း သရက်အုပ်ရဲကင်းစခန်းမှ ပျောက်ဆုံးနေသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်နှစ်ဦးအနက် တစ်ဦးအားသေဆုံးလျက် စက်တင်ဘာလ ၇ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့သည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောင်စည်ကုန်းကျေးရွာတွင် ယနေ့(စက်တင်ဘာ ၁၁ ရက်) နေ့လည် (၂)နာရီခွဲက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်စထိမှန်သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင်ကြောင်း မန္တလေးမြို့၌ ဆန္ဒဖော်ထုတ်ခဲ့ရာတွင် ပါဝင်ခဲ့သည့် ကျောင်းသားတစ်ဦး ဖမ်းဆီးခံထားရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် တာဝန်ရှိသူထံမှ သိရသည်။

မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာ ၈ ရက်က စတင်လုပ်ဆောင်ခွင့်ပြုခဲ့သော်လည်း ကိုဗစ်ဒုတိယလှိုင်းကြောင့် ရခိုင်ပြည်နယ် မြို့နယ်များအားလုံးကို Stay at Home သတ်မှတ်ထားခြင်းကြောင့် ရခိုင်နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရန် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။