ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ရာမောင်ခန်းမအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်) ညနေပိုင်းက နယ်ထိန်းရဲတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုခံယူ နေရကြောင်း မင်းပြားမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက DMG သို့ ပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်မှဦးဆောင်၍ ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက် မှုများဖြစ်ပွားနေသည်ကို ဆန့်ကျင်ကြောင်း မန္တလေးမြို့၌ ယနေ့( စက်တင်ဘာလ ၁၀ ရက်)တွင် ဆန္ဒဖော်ထုတ် ခဲ့ကြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသားသုံးဦး ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးခံလိုက်ရသည်။

တပ်မတော်၏ထုတ်ပြန်ချက်အပေါ် ဒေသခံများကလက်မခံဘဲ နေအိမ်များအား တပ်မတော်က မီးရှို့သည်ကို မျက်မြင်တွေ့ရှိခဲ့သည်ဟု မီးလောင်ရာတွင်နေအိမ်ပါဝင်သွားသည် ဘုရားပေါင်းကျေးရွာမှ ဦးသာထွန်းလှက ပြောသည်။

COVID -19 ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ်(CERP)ဖြင့် ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင် များနှင့် IDP Camp များတွင်နေထိုင်ကြသည့် မိသားစုတစ်ခုချင်းစီကို ငွေကျပ်လေးသောင်း ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးအရာရှိ ဦးရဲမင်းဦးကပြောသည်။