ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း သရက်အုပ်ရဲကင်းစခန်းမှ ပျောက်ဆုံးနေသည့်နယ်ခြားစောင့် တပ်ဖွဲ့ဝင်နှစ်ဦးအနက် တစ်ဦးအားသေဆုံးလျက် စက်တင်ဘာလ ၇ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့သည်။

ကိုဗစ်ကာလအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ပြည်မဘက်သို့ပြေးဆွဲနေသည့် ကုန်တင်ကားများမှာ စက်တင်ဘာလ ၉ ရက်နေ့မှစတင်၍ ယာယီရပ်နားထားတော့မည်ဖြစ်ကြောင်း အဝေးပြေးယာဉ်မောင်းများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာတွင် ယနေ့(စက်တင်ဘာလ ၈ ရက်) နံနက်ပိုင်းက လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၅ နှစ်အရွယ်ကလေးနှစ်ဦးအပါအဝင် ရွာသား လေးဦးသေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှစ်ဦးရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း သရက်အုပ်နယ်ခြားစောင့်ရဲစခန်းမှ ပျောက်ဆုံးနေသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ဦးအနက် တစ်ဦးအားသေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်စဲပေးရန် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC)မှ ယနေ့စက်တင်ဘာလ ၇ ရက်နေ့တွင် တောင်းဆိုလိုက်သည်။